23

3.3K 282 26
                                    

“ ဒီညမင်္ဂလာဦးညနော် မ ”
Jen အဝတ်အစားလဲနေတုန်း Lisa က Jen ကိုအနောက်ကနေသိုင်းဖက်ကာပခုံးလေးပေါ်မေးလေးတင်ရင်းပြောလိုက်တယ်။

“ အဲ့တော့ဘာဖြစ်လဲ မောင် ”

“ ဟာ ဘာဖြစ်ရမှာလဲဒါလေးတောင်မသိဘူးလား ”
နှုတ်ခမ်းလေးဆူပြီးပြောနေသည်မှာဘဲပေါက်လေးအလား။

“ ဘယ်သိမလဲ ကျမ ကခုမှမင်္ဂလာဆောင်ဖူးတာလေ ”

“ မသိရင်ပဲ မောင် ကလေးခါငါး‌ခါလောက်ဆောင်ဖူးထားသလိုလို ”

“ မပြောမိပါဘူး‌နော် ဖယ်စမ်း မောင် ရယ်အဝတ်အစားကောင်းကောင်းလဲပါရစေ ”

“ မရပါဘူး အဲ့တာသိတယ်ဆိုမှဖယ်ပေးမယ် ”

“ ကလေးမဆန်နဲ့ Lisa ”

“ ဒါကလေးဆန်ရမယ့်ကိစ္စမှမဟုတ်တာ ”

“ အေးဟာ ဖယ်ညကျမှ ”

“ Yes!!! တကယ်နော် ”

“ အွမ်း ”
Lisa ဖယ်ပေးလိုက်တော့ သူမ အဝတ်အစားလဲခြင်းကိုအဆုံးသတ်လိုက်တယ်။ ပြီးတော့ ဗီရို ထဲက Lisa အတွက်အဝတ်အစားတစ်စုံထုတ်ကာ သူမ ကကူလဲပေးလိုက်တယ်။သူမ တို့မင်္ဂလာမဆောင်ခင်ကတည်း သူမ တို့အတွက်အိမ်သက်သက်စီစဉ်ထားတယ်။ မောင် ကလည်းခွဲနေချင်တယ်ဆိုတာနဲ့ သူမ လိုက်လျောပေးလိုက်တယ်။

“ မောင် ညကျရင် somi တို့ bam bam တို့နဲ့ချိန်းထားသေးတာလား ”
သူမ မျက်နှာကပုံမှန်မဟုတ်နည်းနည်းတင်းမာနေတာကြောင့် club သွားမှာကိုမကြိုက်မှန်း သူ သိလိုက်ပါပြီ ဒါကြောင့်ဒီက မောင်တော်လေး ကအလိုက်သိရမှာပေါ့။

“ အိမ်ကိုပဲခေါ်လိုက်ရမလား Chaeyoung လည်းပါပါတယ် ”

“ အွမ်း အိမ်ကိုခေါ်လိုက်လေ ပိုအဆင်ပြေတာပေါ့ ”

“ ဟုတ်ကဲ့ မမ ”
Jen Lisa ကိုမျက်စောင်းသေးသေးလေးထိုးလိုက်တယ် သိပ်အသည်းယားစရာ။

“ လိမ္မာချင်ယောင်ဆောင်မနေပါနဲ့ ”

“ ဟန်မဆောင်ပါဘူး ကဲ ဒါဆို မောင် ဖုန်းဆက်လိုက်အုံးမယ်နော် ”

“ အွမ်း ”
ဖုန်းကိုင်ပြီး ဝရန်တာ ကိုထွက်သွားတဲ့ မောင် က သူ့ သူငယ်ချင်း တေကိုအိမ်ကိုလာခဲ့ဖို့ပြောနေသည်ထင်ရ၏။အတော်ကြာစကားပြောပြီး အခန်းထဲပြန်ဝင်လာကာ သူမ ဘေးလေးဝင်ထိုင်ပြီးပခုံးလေးကိုတယုတယလေးဖက်လိုက်ကာဘေးတိုက်မြင်နေရတဲ့ပါးဖောင်းဖောင်းလေးကိုနှာခေါင်းလေးနစ်မြှုပ်အောင်ဖိကပ်နမ်းလိုက်တယ်။

Beloved bodyguardWhere stories live. Discover now