27

3.6K 261 33
                                    

Lisa ရောက်လာပြီးတိတ်တိတ်လေးချော့နေတာလေးရက်ငါးရက်လောက်ရှိပေမယ့်လာမှထူးခြားမလား Jen အခုထိစိတ်ကောက်မပြေသေးပါဘူး သူ မချော့တတ်တာလဲပါမှာပေါ့။

“ မ မောင် နဲ့ပြန်လိုက်ခဲ့ပါနော် မောင် တောင်းပန်ပါတယ် နောက်တစ်ခါမလိမ်တော့ပါဘူး ”

“ အပိုတွေ ”

“ တကယ်ပါဆို မ ရယ် ”‌

“ ဟင့်အင်း ငါ ဒီမှာနေချင်သေးတယ်အေးအေးဆေးဆေး နင် ပြန်ချင်ပြန်လေ ”

“ မောင် ဟိုမှာအလုပ်တွေနဲ့ ”

“ အေး အဲ့တာကြောင့်ပြန်ချင်ပြန်လို့ ”

“ မ ပြန်လိုက်မှ မောင် ပြန်မယ် မ မပါပဲ မောင် မပြန်ဘူး မောင် ဟိုမှာတစ်ယောက်ထဲမနေချင်ဘူး ”

“ အပိုတွေကပြောပြန်ပြီ ဟုတ်ပြီလေ တစ်ရက်နှစ်ရက်လောက်ထပ်နေပြီရင်ပြန်တာပေါ့ နင့် ကိုစိတ်ပြေလို့မဟုဘူးနော် ဟိုမှာအလုပ်တွေနဲ့မလို့ ”( အမ်မယ် ပြေတယ်ဆိုပြေတယ်ပေါ့ ဂျန်း ပုကတော့ ) 🤭

“ ပြီးတော့လေ မောင့် ကို နင် နဲ့ ငါ နဲ့မပြောပါနဲ့လား ဟင် ”

“ ခုမှအဲ့မျက်နှာလာဖြစ်မနေပါနဲ့ စိတ်ကောက်အောင်လုပ်တုန်းကလုပ်ထားပြီး ချော့တော့လည်းမချော့တတ်တဲ့ ရှင့် ကို ကျမ မချစ်ပဲနေတော့မှာနော် ”

“ အာ့ မောင် ကဒါချော့တာလို့မခေါ်သေးခုမှချော့မှာ လာထားး ”
ပြောပြီး Jen ကိုကုတင်ပေါ်လှဲချလိုက်ကာ သူ ကအပေါ်ကနေအုပ်မိုးပြီ......။
ဟင်း ဟင်းး....။


“ မ ”
ရင်ခွင်ထဲမှာမောပန်းပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ သူမ နဖူးလေးကိုတယုတယနမ်းလိုက်ကာနှိုးလိုက်တယ်။

“ ဟင် ”

“ ထတော့လေမိုးချုပ်နေပြီ ”

“ ဟာ မထချင်ဘူးအိပ်ချင်သေးတယ် ”

“ ညစာစားရအုံးမယ်လေ မ ရဲ့ ”

“ မစားချင်ဘူး အိပ်ချင်တယ်လို့ 15 မိနစ် ”
ရင်ခွင်ထဲက သူမ လေးကဆိုးသွမ်းနေသည်မှာ ကလေးလေး တစ်ယောက်လို။

“ 15 မိနစ်ပဲနော်ပြီးရင်ထရမယ် ”

“ အွမ်းလို့ ”
သူမ ကတော့ သူ ရင်ခွင်ထဲပိုတိုးဝင်ကာအိပ်နေလိုက်တယ်။ သူ ကတော့ သူမ ဆံပင်လေးတွေကိုသပ်တင်ပေးရင်းနဖူးလေးကိုတရွှတ်ရွှတ်နမ်းနေတယ်။

Beloved bodyguardWhere stories live. Discover now