13

3.5K 284 30
                                    

“ တွေ့လား မင်း သမီးကတော့ အမေ့ ဆီရောက်သွားရင်ပြန်ကိုမလာချင်ဘူး ”

“ သမီးလေး ကငယ်ငယ်ထဲကအဲ့မှာပျော်ရှာတာကို ကို ရဲ့ ”

“ အင်း ဟုတ်ပါပြီကွာ ကို က သမီး လေးကိုလွမ်းလို့ပါ Lisa နဲ့အခြေအနေကဘယ်လိုလဲမသိဘူးနော် ”

“ ကျမ ကတော့ သမီးလေး က Lisa ကိုစိတ်ဝင်စားမယ်လို့ယုံတယ် ”

“ အင်း အဲ့လိုဆိုသိပ်ကောင်းမှာ Lisa လေးကလူကောင်းလေးမိန်းကလေးဖြစ်ပေမယ့် သမီးလေး ကိုကောင်းကောင်းစောင့်ရှောက်နိုင်လိမ့်မယ် ”

“ ဟုတ်တာပေါ့ရှင် ”

•••••××ו••••

“ young ”

“ ဗျာ ”
young နဲ့ jisoo ညရောက်တော့ဖုန်းပြောဖြစ်ကြတယ်။ပြောနေရင်း young ဘက်ကအတော်ကြာတိတ်ဆိတ်သွားတာကြောင့် jisoo ကခေါ်လိုက်တယ်။

“ ဘာလို့တိတ်နေတာလဲ ”

“ ဘာမှမဟုတ်ပါဘူး‌ကြယ်လေးတွေကိုကြည့်နေလို့ ”

“ အော် ကြယ်ကြည့်တယ်ညတိုင်းပဲလား ”

“ ဟုတ် ညတိုင်းလိုလိုပဲ young ဘဝကတစ်ယောက်ထဲအထီးကျန်ဆန်တယ်လေအာ့တာကြောင့်ကြယ်လေးတွေနဲ့အဖော်လုပ်ပြီးစကားပြောတာ အခုတော့ appa ကလည်းနွေးနွေးထွေးထွေးဆက်ဆံပေးပါတယ် ပြီးတော့ မ လည်းရှိလာပြီဆိုတော့.... ”

“ အင်း young က မ ကိုအဲ့လိုတွေးပေးလို့ပျော်မိတယ် ရှေ့လျှောက် မ က young အတွက်အဖော်လုပ်ပေးမှာမို့တစ်ယောက်ထဲအထီးမကျန်ရတော့ဘူးနော် ”

“ ဟုတ် ကျေးဇူးပါ မ ”

“ မလိုပါဘူးကွယ် ”
သူတို့နှစ်ယောက်အတော်ကြာသည်ထိစကားပြောပြီးအိပ်စက်လိုက်ကြတယ်။

•••••××ו••••

မနက်ခင်းတစ်ခုမှာတစ်ယောက်ကိုတစ်ယောက်လွတ်ထွက်မသွားအောင်တင်းကျပ်စွာဖက်ထားတဲ့ကောင်မလေးနှစ်ယောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်းပြတင်းပေါက်ကနေရောင်ကြောင့် တစ်ယောက်ကတော့နိုးလာပြီးလက်နဲ့ကာလိုက်တယ်။ပြီးတော့ဘေးခုံပေါ်မှာတင်ထားတဲ့ဖုန်းကိုယူကြည့်လိုက်တော့မနက်ရှစ်နာရီ။ရင်ခွင်ထဲက သူမလေး ကိုငုံ့နမ်းလိုက်တော့တအင်းအင်းတအဲအဲနဲ့လှုပ်လှုပ်ရွရွဖြစ်လာတယ်။

Beloved bodyguardWhere stories live. Discover now