24

3.3K 274 33
                                    

တစ်နှစ်ကျော်ပြီဖြစ်တဲ့သူတို့အိမ်ထောင်ရေးကအဆင်ပြေပြေရှိခဲ့သည်တစ်ယောက်ကစလို့ တစ်ယောက်ကစိတ်ကောက်လိုက်နဲ့ပြီးရင်ပြန်ချော့စိတ်ကောက်ပြေ...ပြီးရင်အနမ်းလေးတွေပေးပြီးကျီစယ်ကြသည် ဘာအဖုအထစ်မှမရှိလေပြေလေးတွေလာပြီးရင်မုန်တိုင်းကဝင်စမြဲပါ။

“ နင့် ငါ ဒီချိန်ထိဖုံးကွယ်နိုင်ခဲ့တာသိပ်တော်တာပဲ lalisa ”

“ မ ကိုပြောပြီးပြီလေ မောင် လိမ်ချင်လို့လိမ်ခဲ့မှာမဟုတ်ပဲ ”

“ နင့်ဘာသာလိမ် လိမ် မ လိမ်လိမ် တော်သေးတာပေါ့ ငါ နင့်အဝတ်အစားတွေမီးပူတိုက်ပေးပြီး ဗီရိုထဲထည့်ဒီနားတောင်းလေးကိုတွေ့ခဲ့ရတာ ”

“ အဲ့တာလုပ်နေကြအလုပ်ပဲ မ ဘာသာအရင်ထဲကမတွေ့တာလေ ”
တစ်ယောက်ကမလျှော့သလို တစ်ယောက်ကလည်းအနိုင်ပြန်ပြောနေသည်။ဒီနေ့မှ lalisa ဘာဝင်ပူးနေလည်းစကားပိုပြေပြေပြစ်ပြစ်မပြောအရင်ကဒီလိုမဟုတ် သူမ တစ်ခွန်းဆိုတစ်ခွန်းပဲပြန်ခံမပြော။

“ နင့်ရှေ့မှာရပ်နေဘယ်သူမလို့စကားကိုမဆင်မခြင်တွေပြောနေရတာလည်း lalisa!!!!! ”

“ လက်ထပ်ပြီးကတည်းကအခုချိန်ထိ မောင် ကပဲလိမ္မာခဲ့ရတာပါ မ ရယ်ဘာတွေများဆိုးခဲ့လို့လည်းဒါကိုဒီအမှားလေးတစ်ခုထဲတောင်ခွင့်မလွတ်ပေးနိုင်ဘူးလား ”

“ ဒါကခွင့်လွတ်ပေးစရာလား lalisa ပြောစမ်းပါအုံး ငယ်ငယ် ကတည်းခွဲခွာခဲ့ရတဲ့
ကိုကို့ ကို ငါ ဘယ်လောက်တောင်လွမ်းနေခဲ့ရလဲနင်ကိုယ်ချင်းစာလေ ”

“ နေ့တိုင်းမြင်နေရတာတောင်လွမ်းနေတုန်းလား ”

“ နေ့တိုင်းမြင်နေရတော့ ကိုကို လို့ငါသိထားတာမှမဟုတ်ပဲ lalisa လို့ပဲသိထားတာလေ ”
အခန်းကျယ်လေးတစ်ခန်းမှာနှစ်ယောက်လုံးရဲ့အသံတွေနဲ့ဆူညံလို့။

“ မောင် မ ကိုအချိန်တိုင်းအလျှော့ပေးခဲ့တာပဲဒီကိစ္စလေးတစ်ခုထဲနဲ့တော့ မောင် တို့သာယာနေတဲ့ဘဝထဲကိုပြဿနာတွေမဝင်စေချင်ဘူး မ ”

“ အလျှော့ပေးခဲ့ရတော့ဘာလဲ နင် ကမကျေနပ်လို့လား ”

“ မကျေနပ်လို့ပြောနေတာမှမဟုတ်ပဲ bam bam တို့တောင် မောင့် ကို မယက လို့ပြောနေပြီ ဟို park Chaeyoung ကအစ ”

Beloved bodyguardWhere stories live. Discover now