21

3.4K 257 24
                                    

ဆိုင်ထဲမှာ dress စိတ်တိုင်းကျရွေးနေတဲ့ကောင်မလေးတစ်ယောက်နဲ့နောက်ကစိတ်ရှည်လက်ရှည်လိုက်ပေးနေတဲ့ကောင်မလေးတစ်ယောက်.....

“ မ ဒါလေးနဲ့ဆိုအရမ်းလှမှာ ”
ဒီနို့နှစ်ရောင်ဂါဝန်လေးနဲ့ဆို သူမ သိပ်လှမှာ။ Lisa ပြတဲ့ dress လေးကိုကြည့်လိုက်တော့တကယ်ပင်လှသည်။ကျမ ရဲ့ မောင် သဘောကျဖို့ကအဓိကမို့ မောင် ရွေးပေးတာလေးကိုယူဖို့ဆုံးဖြတ်လိုက်တယ်။

“ အင်း မောင် ညီမဒါလေးဝတ်ကြည့်မယ်နော် ”

“ ဟုတ်ကဲ့ရှင့် ဒီဘက်ကိုကြွပါ ”
ဝန်ထမ်းကောင်မလေးက Jen ကိုအဝတ်လဲခန်းဘက်ကိုခေါ်သွားတော့ Lisa လည်းဆိုဖာပေါ်မှာဖုန်းလေးကြည့်ရင်းထိုင်စောင့်နေလိုက်တယ်။ခနကြာတော့ဝန်ထမ်းကောင်မလေးကလိုက်ကာလေးဖယ်လိုက်တော့ သူ့ ကိုကျောပေးပြီးရပ်နေတဲ့ သူမ သူ ပါးစပ်အဟောင်းသားနဲ့မှင်သက်သွားမိတယ်။ နတ်သမီးတစ်ပါးဆင်းသက်လာသလိုပင် သူမ အလှကသိပ်ကိုမဟာဆန်တယ်။ သူ ဆိုဖာပေါ်ကထရပ်လိုက်ကာ သူမ အနားကိုဖြည်းဖြည်းချင်းလျှောက်သွားလိုက်တယ် သူမ ကတော့မျက်တောင်မခတ်ပဲစိုက်ကြည့်နေတဲ့ သူ့ ကြောင့်မှန်ထဲမှာပေါ်နေတဲ့မျက်နှာလေးကပန်းယောင်သမ်းလို့။ သူမ နောက်လေးကိုသွားလိုက်ကာလက်တို့ကိုခါးမှာရစ်ပတ်ပြီးလွတ်နေတဲ့ပခုံးသားလေးကိုနမ်းလိုက်တော့ သူမ ခန္ဓာကိုယ်လေးသိသိသာသာတုန်တက်သွားတယ်။

“ မောင့် မိန်းမလေးကသိပ်လှတာပဲ ”
မှန်ထဲမှာတစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်ရင်း သူ ကပြောလိုက်တယ်။ဝန်ထမ်းကောင်မလေးကတော့ သူမ တို့နှစ်ယောက်ကိုကြည့်ရင်းပြုံးစိစိဖြင့်။

“ အဟင်း မိန်းမ တဲ့လားဘယ်သူက မောင့် မိန်းမ လဲ ”

“ မှန်ထဲမှာပေါ်နေတဲ့မျက်နှာပိုင်ရှင်လေးလေ ”

“ ဟုတ်ပါပြီ ဒီ dress နဲ့ မ လိုက်လာ မောင် ”

“ လိုက်တာပေါ့ကျွတ်မှမကျပဲ ”
သူ ကစနောက်နေပြန်တယ်။

“ မောင် နော် ”

“ စတာ မောင့် မမ ကလှတာထက်ကိုပိုပါတယ် ”

“ ပြီးရောဖယ် မောင် အဝတ်သွားလဲတော့ဓါတ်ပုံရိုက်ရအုံးမယ် ”

Beloved bodyguardWhere stories live. Discover now