17

3.2K 264 34
                                    

“ daddy yarr လိုက်တောင်းပေးပါဆိုဗျာ ”

“ လိုက်တောင်းပေးရအောင် Mr.kim ကိုမင်းကဘာထင်နေတာလဲဟမ်ရူးနေလား ”
သားဖြစ်သူရဲ့ဂျစ်တိုက်မှုကြောင့် Song Jae-woon ‌အလွန်ပင်စိတ်ညစ်နေရပြီ။ ဘယ်နှယ့်သူ့လိုကောင်ကများ Mr.kim သမီးကိုလိုက်တောင်းခိုင်းနေရတယ်လို့။

“ ငါဘာမှထပ်မကြားချင်ဘူးနော် Min-ho အေးဆေးထိုင်စားနေ ”
Song Jae-woon လည်းပြောပြီးထထွက်သွားတယ်။

“ ကျစ် ”
Min-ho စုတ်တစ်ချက်သပ်လိုက်ကာဆိုဖာပေါ်ပစ်လှဲလိုက်တယ်။
.
.
.
.
“ ဒါဆို မမ တို့မတွေ့ရတာကြာပြီပေါ့နော် မမ ကကောလိုက်မရှာဘူးလားဒီနားတောင်းပိုင်ရှင်လေးကို ”
နားတောင်းလေးကိုကြည့်ပြီးပြောနေတဲ့ Jen နဲ့ Lisa ...။

“ အချိန်တန်ရင်တော့ပြန်တွေ့မယ်ထင်ပါရဲ့ မောင် ရယ် တို့ လည်းတွေ့ချင်လှပြီ ”

“ ဟုတ်ပါပြီ မောင် လည်းကူရှာပေးမှာပေါ့စိတ်မပူပါနဲ့ မ ရဲ့ ”
Lisa Jen ပခုံးလေးကိုဖက်ပြီးပြောလိုက်တော့ Jen ကအလိုက်သင့်လေး Lisa ပခုံးပေါ်ခေါင်းလေးမှီချလိုက်တယ်။

“ Busan သွားတုန်းက မောင့် အိတ်ထဲက box သေးသေးလေးတွေ့လိုက်တယ် ”

“ ဘယ်လို!!! ”
Lisa အလန့်တကြားအော်လိုက်တော့ Jen ခန္ဓာကိုယ်လေးတုန်သွားတယ်။

“ ဘာလို့အော်တာလဲ မောင် နော် ”

“ ကြည့်....ကြည့်လိုက်သေးလား မ ”

“ မကြည့်ပါဘူး ဟွန်းနော် သူများပစ္စည်းကိုသူများမသိပဲမကြည့်ပါဘူး ”

“ မဟုတ်ပါဘူး မ ရဲ့ မောင် ကအာ့လိုပြောတာမဟုတ်ဘူး ”

“ တော်ပြီ ဒီတိုင်းလေးပဲနေချင်တယ်မပြောနဲ့တော့ ”
Lisa Jen ခေါင်းလေးကိုငုံ့နမ်းလိုက်ကာငြိမ်နေလိုက်တယ်။ ဟူးး...တော်သေးတာပေါ့မကြည့်လိုက်လို့။

“ မောင် ”
သူမ ကငြင်ငြင်သာသာလေးခေါ်တော့ သူ ကအသံထွက်ယုံမျှလေးထူးတယ်။

“ ဗျ ”

“ တို့ အိမ်က မောင် နဲ့သဘောမတူရင်ဘယ်လိုလုပ်မလဲဟင် မ မောင် နဲ့မခွဲချင်ဘူး ”

“ မခွဲရပါဘူး မောင် တို့နှစ်ယောက်တစ်သက်လုံးအတူရှိနေမှာနော် ”
ရင်ခွင်ထဲက Jen ဆံပင်လေးတွေကိုပွတ်သပ်ပေးရင်း Lisa ပြောလိုက်တယ်။

Beloved bodyguardWhere stories live. Discover now