08

3K 292 33
                                    

Lisa တို့ကားလေးကနှစ်နာရီကျော်လောက်မောင်းလာ Busan ကိုရောက်လာတယ်။ Jen အဖွားဆိုသူ၏ခြံထဲရောက်တော့ ကားထိုးရပ်လိုက်တာနဲ့တပြိုင်နက်အိမ်ရှေ့မှာအသင့်ကြိုနေတဲ့သူ့အဖွားဆီ Jen ကပြေးဖက်တော့ပဲ။ Lisa ကတော့ Jen နောက်ကနေလိုက်သွားတယ်။ ခြံလေးကနေချင်စရာလေးတခြံလုံးပန်းပင်လေးသစ်ပင်လေးတွေနဲ့နေချင်စရာလေးပင်။ Lisa ကတော့ဟိုကြည့်ဒီကြည့်နဲ့ Jen ကတော့သူ့အဖွားရင်ခွင်ထဲမှာချွဲနေလေရဲ့။

“ ငါ့မြေးလေးကကြည့်ပါအုံးမတွေ့ရတဲ့နှစ်တွေအတွင်းလှလာလိုက်တာ ”

“ ဟီးး မြေး က ဖွား ကိုလွမ်းနေတာ ”

“ ဖွား ကောတူတူပါပဲရှင် ”
Jen ပါးဖောင်းဖောင်းလေးတွေကိုနမ်းရင်းသူ့အဖွားကပြောလိုက်တယ်။

“ ဒါနဲ့ မြေးလေး နောက်က မြေး သူငယ်ချင်းလေးလား ”

“ အာ မဟုတ်ဘူး ဖွား Lisa လာ ”
Jen က Lisa လက်လေးချိတ်ပြီးခေါ်လိုက်တယ်။

“ ဒါက သမီး bodyguard Lisa တဲ့ Lisa ဒါက Jen အဖွား ”

“ Nae တွေ့ရတာဝမ်းသာပါတယ်အဖွား ”
Lisa ခါးလေးကိုင်းပြီးအရိုအသေပေးလိုက်တယ်။ အဖွားကလည်း Lisa ကိုပြုံးပြကာ ။

“ ဟုတ်ပါပြီကွယ် ခရီးပန်းလာရင်နားကြအုံး ပြီးမှခြံထဲပတ်ကြည့်ကြပေါ့ နို ရေကလေးတွေဆီကအထုတ်တွေလာသယ်ချေအုံး ”
Jen အဖွားကသူနဲ့အတူနေတဲ့ နို ဆိုတဲ့ကောင်မလေးကိုလှမ်းခေါ်လိုက်တယ်။ Lisa ကတော့သူ့ကျေားပိုးအိတ်သူသယ်လိုက်တယ် ကောင်မလေး က Jen luggage ကိုသယ်လိုက်တယ်။ အိမ်ထဲရောက်တော့ ဧည့်ခန်းမှာထိုင်ပြီး သရက်သီးအမှည့်စိတ်ပြီး နို ကလာချပေးတယ်။ Jen အဖွားကအေးအေးချမ်းချမ်းနေရတာကြိုက်ပုံပဲ ဘေးမှာလည်းအိမ်သိပ်မရှိတစ်အိမ်နှစ်အိမ်လောက်ပဲရှိတယ် တိတ်ဆိတ်လို့။

“ ဒါနဲ့ဖွားသမီးအရင်နေတဲ့အခန်းဘယ်သူမှမနေဘူးမလား ”

“ ဟုတ်ပါ့ရှင်ဖွားမြေးလေးအခန်းကိုဖွားကဘယ်သူ့ကိုမှပေးမနေပါဘူး ”

“ ဟီးး ”
Jen ကသရက်သီးစိတ်လေးစားပြီးသွားသေးသေးတွေပေါ်အောင်ရယ်ပြတယ်။ Lisa ကတော့ချစ်ဖို့ကောင်းတဲ့ Jen ကိုပဲငေးကြည့်နေမိတယ်။

Beloved bodyguardWhere stories live. Discover now