20

3.1K 275 30
                                    

မှန်ထဲမှာမြင်နေရတဲ့ သူမ ကအလွန်ချစ်ဖို့ကောင်းပေမယ့် သူမ ကတော့မိတ်ကပ်ပါးပါးလေးလိမ်းပြီးနှုတ်ခမ်းနီလေးကဆိုးရုံမျှသာ မနက်ထဲက Omma ကပြင်ဆင်ထားဆိုလို့သာ သူမ တကယ်စိတ်မပါ မောင် နဲ့မဟုတ်ပဲသူများနဲ့တွေ့ရမှာ သူမ အလွန်စိတ်ပျက်မိတယ်။မောင် တစ်ယောက်လဲမနက်အိပ်ယာနိုးထဲကပျောက်ချင်းမလှပျောက်နေတာခုထိပေါ်မလာ မောင့် ကိုလဲ သူမ တကယ်စိတ်ပျက်မိတယ်အေးတိအေးစက်နဲ့။

" ဒေါက် ဒေါက်!! သမီး "
သူမ တွေးနေတုန်းပင်တံခါးခေါက်သံကြားတော့ Omma ထင်သည်။သူမ လည်းစိတ်ပျက်လက်ပျက်နဲ့ပင်တံခါးသွားဖွင့်လိုက်တယ်။

" သမီး လူကြီးတေရောက်နေပြီဆင်းခဲ့တော့လေ "

" Nae Omma "
သူမ အောက်ထပ်ကိုဆင်းလာတော့ appa သူငယ်ချင်း ဆိုတဲ့မိသားစုထင်တယ် ဒါမယ့်အန်တီကြီးတစ်ယောက်နဲ့ဦးလေးကြီးတစ်ယောက် သူမ နဲ့လက်ထပ်ရမယ့်သူဆိုတာကောဘယ်မှာလဲအားးးစိတ်ရှုပ်ဖို့ကောင်းလိုက်တာ။

" သမီး လာလေမတ်တပ်ကြီး "

" Nae Appa "
သူမ တစ်ဖက်ခုံမှာဝင်ထိုင်ပြီးငြိမ်ငြိမ်လေးသာနေနေလိုက်တယ် သူတို့ကတော့ဘာတေပြောနေမှန်းမသိ။

" သမီးလေးကချစ်ဖို့ကောင်းလိုက်တာ ချွေးမလေးမြန်မြန်တော်ချင်နေပြီ "
ဒီအဒေါ်ကြီးကတော့ဘယ်သူကသူ့သားကိုယူမယ်ပြောလို့လဲ။ Jen စိတ်ထဲကနေပြောလိုက်မိတယ်။

“ စိတ်မပူပါနဲ့ သမီး လေးက miss.manoban ရဲ့ချွေးမလေးဖြစ်လာမှာပါ ”
Mr.kim စကားကြောင့် ဧည့်ခန်းတစ်ခုလုံးရယ်သံလေးတွေပျံ့နှံ့သွားပေမယ့် သူမ ကတော့မရယ်နိုင်။

“ တောင်းပန်ပါတယ် uncle နောက်ကျသွားတဲ့အတွက် ”
ဝင်လာတဲ့ သူ တစ်ယောက်က သူလာတာနောက်ကျတဲ့အတွက် mr.kim ကိုခါး 90° လောင်းကိုင်းကာတောင်းပန်စကားဆိုလိုက်မိတယ်။

ဒီအသံ ဒီအသံ သူမ ကြားဖူးသလိုပဲ မော့ကြည့်လိုက်တော့ တကယ်ပဲ သူ သိနေခဲ့တာလား မောင် က ဒါဆိုလိမ်ထားခဲ့တာပေါ့သိသိရက်ကြီးနဲ့လုပ်ရက်လိုက်တာ မောင် ရယ် သူမ မှာတော့ဝမ်းနည်းလိုက်ရတာငိုလိုက်ရတာ မောင် ကတော့ဟန်ဆောင်ကောင်းပြီးသိပ်နေနိုင်ခဲ့တယ် စကားလေးတစ်ခွန်းတောင် သူမ ကိုမဆိုခဲ့အားလုံးပေါင်းပြီး Jen ကိုအရူးလုပ်ခဲ့ကြတယ် သိပ်ဝမ်းနည်းဖို့ကောင်းတာပဲ သူမ အံတင်းတင်းကြိတ်ထားကာမငိုမိအောင်ထိန်းထားရတယ် မျက်လုံးထဲမှာမျက်ရည်လဲ့လဲ့လေးတွေ....စကားတစ်ခွန်းကိုအားယူပြီးမနည်းပြောလိုက်ရတယ်။

Beloved bodyguardWhere stories live. Discover now