Final

6.6K 282 26
                                    

“ Jen Jen စိတ်အေးအေးထားပါနော် unnie  တို့ရအောင်ကယ်ပေးပါ့မယ် ”
ခွဲစိတ်ခန်းရှေ့မှာသွေးပျက်နေတဲ့ Jen ကို အားပေးနေတဲ့ Irene....။

“ unnie မောင်....မောင့် ကိုရအောင်ကယ်ပေးပါနော် ဟင့် အဟင့်..... ”

“ အင်း အင်း ရအောင်ကယ်ပေးမယ်နော် အထဲမှာလည်းဆရာဝန်ကြီးတေရှိနေတာပဲ ဘာမှစိတ်မပူနဲ့နော် ”
ခနကြာတော့နှစ်ဘက်မိဘတွေရောက်လာကြတယ်။ chaesoo တို့ကတော့မရောက်သေး။ Irene ကတော့ခွဲစိတ်ခန်းထဲဝင်သွားချေပြီ။
Song Minho ‌‌ချိန်ပြီးပစ်လိုက်တဲ့သေနတ်က Jen ကိုဆိုပေမယ့် Jen အစား Lisa ကဝင်ခံလိုက်ပြီးရင်ဘတ်ကိုထိသွားတယ်။

“  Lisa ကိုပစ်သွားတဲ့သူကကော သမီး ”

“ ရဲတွေဖမ်းသွားပြီ ဟင့်....”
Jen လည်း သူ့ Omma ရင်ခွင်ထဲတိုးပြီးငိုတော့တယ်။

Flashback

Song Jae-woon ခြံထဲမှာ သူ့တပည့်တွေနဲ့စကားပြောနေတုန်း သူ့သားသေနတ်ကိုင်ပြီး အလောတကြီးထွက်သွားတာကြောင့် နောက်ကနေရဲတွေကိုဖုန်းဆက်ခေါ်ပြီးလိုက်သွားတယ်။ song Minho နောက်ကိုအဆက်မပြတ်လိုက်ရင်း‌ခြံတစ်ခြံရောက်တော့ကားရပ်လိုက်တယ်။ ခြံထဲကိုလှမ်းကြည့်တော့ ကောင်မလေး နှစ်ယောက်ပျော်ရွှင်နေတဲ့ပုံပြီးတော့ သူသားကကားပေါ်ကအလောတကြီးဆင်းသွားကာ ကောင်မလေး နှစ်ယောက်နားကိုသွားပြီးဘာတွေပြောနေမှန်းမသိ ကောင်မလေး နှစ်ယောက် ကလည်းထိတ်လန့်နေပုံ။ပြီးတော့သေနတ်ချိန်လိုက်ပြီးပစ်လိုက်တာကြောင့် song Jae-woon အမြန်ဆင်းပြီးသွားတားပေမယ့်မမှီတော့ ကောင်မလေး တစ်ယောက်ကိုမှန်သွားချေပြီ။ပြီးတော့ရဲတွေရောက်လာပြီး song Minho ကိုဖမ်းခေါ်သွားကြတယ်။

Flashback End....

“ Jen lisa ကဘယ်လိုဖြစ်တာလဲဟာ ”

“....... အဟင့် ”
Jen လည်းငိုလည်းငိုတရှုံ့ရှုံ့နဲ့ရှင်းပြလိုက်တော့။

“ တောက်!!! ကွာ ခွေးကောင် ”
young ကစိတ်တိုပြီး....။

“ သွားမယ် အဲ့ခွေးကောင်ကိုအခုသွားသတ်မယ် ”
Jisoo မှာမနည်းဆွဲထားရကာ။

“ young အဲ့လိုစိတ်လိုက်မာန်ပါတွေမလုပ်ရဘူးလေ ”
မိဘ‌တွေကတော့ဆုတောင်းယုံကလွဲပြီးဘာမှမတက်နိုင်။
တစ်နာရီလောက်ကြာတော့‌ဆရာကြီးထွက်လာတယ်။ Jen တို့လည်းအလောတကြီးထကာ ဆရာဝန်အနားပြေးသွားကြတယ်။

Beloved bodyguardWhere stories live. Discover now