02

3.4K 368 35
                                    

ပြတင်းပေါက်ကနေဖြာကျနေတဲ့နေရောင်လေးတွေက Jen မျက်နှာပေါ်သို့ Jen အိပ်နေရင်းမျက်မှောင်ကြီးကြုတ်လိုက်ကာဘေးတစောင်းလေးတစ်ဖက်ကိုလှည့်အိပ်လိုက်တယ်။

" သမီးလေးရေ မထသေးဘူးလား ထတော့လေကွယ်နောက်ကျနေပြီ "
အပြင်တံခါးခေါက်ပြီးနိုးနေတဲ့ Jen Omma ကြောင့် Jen ငုတ်တုတ်လေးထထိုင်လိုက်ကာမျက်လုံးတွေကိုပွတ်နေရင်းး...။

" Nae Omma သမီးနိုးနေပါပြီ "

" အင်းပါကွယ် ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးထခဲ့တော့နော်မနက်စာစားရအောင် "

" Nae "
Jen လည်းဖြေပြီးရေချိုးခန်းထဲဝင်လိုက်ကာမျက်နှာသစ်သွားတိုက်ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးအောက်ထပ်ကိုဆင်းလာတယ်။
.
.
.
.
×××

အစောနိုးတတ်တဲ့ လီဆာ့ အကျင့်ကြောင့် မနက် 6 နာရီလောက်ထဲကနိုးကာခြံထဲဆင်းပြီးပန်းပင်းလေးတွေကိုကြည့်ကာပြုံးနေမိတယ်။ ဒါနေ့တိုင်းလုပ်နေကြသူ့အကျင့် အိမ်မှာဆို ကိုယ် သဘောကျတဲ့အပင်လေးတွေကို ကိုယ် တိုင်စိုက်လေ့ရှိတယ်။ အင်းး uncle ဆီကခွင့်တောင်းပြီးပန်းပင်လေးတွေစိုက်အုံးမှ appa ကလည်းတစ်ပတ်တစ်ခါပြန်လာဖို့မှာတယ်။ ပြန်ရမှာပေါ့ appa ကဒီအလုပ်ကိုလုပ်ဖို့ခွင့်ပြုခဲ့တာပဲ uncle ရဲ့ခွင့်တောင်းချက်ကြောင့်လည်းပါတယ်ထင်ပ။

Jen မနက်စာစားပြီးခြံထဲဆင်းလာတော့ ဟို lalisa ဆိုတဲ့သူကိုအရင်ဆုံးမြင်ရတယ်။ အပင်တွေကိုကြည့်ပြီးပြုံးနေတာအရူးလိုပဲ။ ဝတ်ထားတာကလည်းသန့်ပြန့်လို့ Brand တွေကြည့်ဝတ်တာထင်ပ ဒါနဲ့များဘာလို့ bodyguard လုပ်စားနေတာလဲသူ့ကြည့်ရတာချမ်းသာမဲ့ပုံပဲ။

" အမလေး!! "
Jen ဘယ်လောက်တောင်တွေးနေလဲမသိ Lisa သူ့နားရောက်လာတာတောင်မသိလိုက်ဘူး။

" yarrr!!! ရောက်နေရင်လည်းအသံလေးဘာလေးပေးမှပေါ့ "

" မျက်နှာရှေ့တည့်တည့်‌ကြီးရောက်နေတာတောင် မင်း ကမမြင်ရအောင်ဘာတွေအတွေးလွန်နေတာလဲ "

" ရှင် ဘယ်သူ့ကိုပြောတာလဲ "
Lisa ခေါင်းကိုဟိုဘက်ဒီဘက်လှည့်ကြည့်လိုက်ရင်း....။

" ဒီနားမှာ မင်း နဲ့ ငါ နဲ့နှစ်ယောက်ပဲရှိတာလေ မင်း ကိုမပြောလို့ဘယ်သူ့ကိုပြော‌ရမှာလဲ "

Beloved bodyguardWhere stories live. Discover now