26

3.1K 281 29
                                    

“ မ မောင် ခေါ်နေတယ်လေ ပြန်ထူးပါအုံး ”
Lisa Jen ရှေ့လေးမှာထူလေးထောက်ရင်ပြောနေပေမယ့် Jen ကစကားတစ်ခွန်းမှမထွက်လာ။

“ မ ရေ မောင့် ကိုကြည့်ပါအုံးဘာလို့အဲ့‌အရှေ့ကိုပဲကြည့်နေရတာလဲ မ ရဲ့ မောင် ကဒီမှာလေ ”
သူမ အလွန်ပင်ရယ်ချင်လာပြီမနည်းထိန်းထားရတယ်။ဒါလားချော့တာ အမလေး မချော့တတ်ချော့တတ်နဲ့ချော့နေတာသိပ်အသည်းယားစရာ...။

“ မ မောင့် appa က မ ကိုရအောင်ပြန်မခေါ်လာရင်အမွေဖြတ်ပစ်မယ်တဲ့ မောင် နဲ့ပြန်လိုက်ခဲ့ပါနော် ”

“ အော် နင်ကအမွေဖြတ်ခံရမှာကြောက်လို့ ငါ့ ကိုလာခေါ်တာပေါ့လေ ”

လခွမ်းတဲ့အဲ့လိုပြောချင်တာမှမဟုတ်တာ lalisa ရေနောက်တစ်မှု....။ Lisa Jen လက်လေးတွေကိုတယုတယလေးဆုပ်ကိုင်လိုက်ကာနှုတ်ခမ်းလေးနဲ့ထိကပ်ထားလိုက်တယ်။

“ မဟုတ်ပါဘူး မ ရယ် မောင် မ ကိုအရမ်းလွမ်းနေခဲ့ရတာလည်းပါပါတယ် မောင် လေညတိုင်း မ ကိုလွမ်းလွန်းလို့ရူးတော့မလိုပဲ မ သိရဲ့လား ”

“ ဘယ်သိမလဲ ငါ နင့်နားမှာတူတူရှိနေတာမှမဟုတ်တာ ဟုတ်ချင်မှလည်းဟုတ်မှာပေါ့ ငါ မရှိတဲ့ညတွေဘီယာထိုင်သောက်ချင်တောင်သောက်နေမှာ ”

“ မဟုတ်တာ မ ရယ် မောင် မသောက်ရပါဘူးကွာ မ မယုံရင် park Chaeyoung ကိုမေးကြည့်ပါ ”
Jen နှာခေါင်းရှုံ့ကာနှုတ်ခမ်းကိုမဲ့လိုက်တယ်။ Lisa မှာတော့ဒူးလေးထောက်ကာမျက်နှာငယ်လေးနဲ့...။ခနကြာတော့အဖွားကအိမ်ထဲကထွက်လာတယ်။ Lisa ချက်ချင်းမတ်တပ်ရပ်လိုက်တယ်။

“ အယ် Lisa လေးရောက်နေတာလား ဖွား ကခနနေမှဖုန်းခေါ်တော့မလို့ဟိုမှာမ‌ရွှေချောကနေ့တိုင်းတငိုငိုတရယ်ရယ်နဲ့ ”
အဖွားအပြောကြောင့် သူ သူမလေး ကိုငုံ့ကြည့်လိုက်တော့မျက်နှာလေးကဆူပုတ်လို့ သူ သဘောကျစွာပြုံးလိုက်တယ်။

“ ကဲ လာ လာ အိမ်ထဲဝင်ကြ Lisa လည်းကားမောင်းလာရတာပင်ပန်းလောက်ရောပေါ့ပြီးမှသေချာစကားပြောကြပေါ့တစ်ယောက်ကတင်းနေရင်တစ်ယောက်အလျှော့ပေးရတယ်အဖွားပြောနားလည်လားနှစ်ယောက်လုံး ”

ပြောပြီးအဖွားကအိမ်ထဲဝင်သွားတော့သူမတို့နှစ်ယောက်အနောက်ကနေလိုက်သွားတယ်။ သူ သူမ လက်ကိုဆွဲလိုက်တော့ သူမ ဖြုတ်ချလိုက်ကာမျက်စောင်းတို့ကဒိုင်းကနဲရောက်ချလာတယ်။ သူ လည်းဆက်မကိုင်ရဲတော့ပဲနောက်ကနေတိတ်တိတ်လေးသာလိုက်လာလိုက်တယ်။

Beloved bodyguardWhere stories live. Discover now