03

3.2K 322 32
                                    

ကားပေါ်ကဆင်းလာတဲ့ အမျိုးသမီးကြောင့် Chaeyoung မှာပါးစပ်အဟောင်းးသာ။

ခန..ငါ ဒီအမျိုးသမီးကိုတွေ့ဖူးသလိုပဲဘယ်မှာတွေ့ဖူးတာလဲရင်းရင်းနှီးနှီးကြီးကိုသိနေတာပါ။

“ ဒီမှာ ရှင် ရရဲ့လား ”
Chaeyoung တွေးနေတုန်းအမျိုးသမီးရဲ့အသံကြောင့်ယောင်ယမ်းပြီးခေါင်းညိမ့်လိုက်မိတယ်။

အာ သိပြီ သိပြီ အသည်းပုံ မမ lalisa manoban ရဲ့အမ jisoo manoban အာခုနကဆဲလိုက်မိတာတောင်နောင်တရမိတယ်။

“ ဟိုလေ...အဆင်ပြေရဲ့လားမသိဘူး ကျမ လည်းလေအလျင်လိုနေတာနဲ့တောင်းပန်ပါတယ်နော်... ”
အမျိုးသမီးရဲ့အသံကနားထောင်လို့ကောင်းလိုက်တာ ကိုယ် ကပဲတစ်ဖက်သတ်မြင်ဖူးတာပါ lalisa ဆိုတဲ့ငနဲကမိတ်ဆက်မပေးဘူးလေ သူ့အမကိုဘယ်သူနဲ့မှမိတ်ဆက်မပေးချင်ပါဘူးတဲ့လေ။ဖုန်းထဲမှာအမှတ်မထင်တွေ့လိုက်မိထဲကအသည်းပုံနှုတ်ခမ်းလေးကိုမှတ်မိနေတာ။

“ ဟို ရှင် အဆင်ပြေရဲ့လားလို့ စကားမပြောတတ်ဘူးလားဟင် ”

“ ဟမ် အမ် အမ် ပြောတတ်ပါတယ် ”
ဘယ်လိုတေတောင်ပြောချလိုက်တာလဲ။

“ အဲ့တာဆိုထကောထနိုင်ရဲ့လား ကျမ ထူပေးဖို့လိုလား ”

“ အာ...ထူပေးရမယ်ထင်တယ် ခြေထောက်ကလေနည်းနည်းနာနေတော့ ”

“ Arr Nae Nae ”
အမျိုးသမီးက Chae အနားကိုအပြေးလေးလာပြီးထူပေးရှာတယ်။ သူ့ကြောင့်ဖြစ်သွားတယ်ဆိုပြီးအားနာနေတယ်ထင်ပါရဲ့။

“ ဟို ဆိုင်ကယ်ဦးထုတ်ကြီးချွတ်လိုက်ပါလား ”

young ဆိုင်ကယ်ဦးထုတ်ချွတ်လိုက်တာကြောင့် ခါးလောက်ရှိတဲ့ရွှေမအိုရောင်ဆံနွယ်လေးတွေကလေတိုက်တာကြောင့်ယိမ်းယိုင်လာတယ်။ young ဦးထုတ်ချွတ်လိုက်တော့အံ့ဩသွားတဲ့အမျိုးသမီးမျက်နှာကြောင့်သူမှာဘာဖြစ်တာလဲပေါ့ ပြောလိုက်တာကြောင့်ရယ်ချင်မိသွားတယ်။ ‘ ကျမ က ရှင့် ကိုယောကျာ်းလေးထင်တာတဲ့ ’ မရယ်မိအောင်မနည်းထိန်းထားရတယ်။

“ အာ့ ”
Jisoo တွဲထားတဲ့လက်ကိုလွတ်လိုက်မိတာကြောင့် young ခန္ဓာကိုယ်လေးယိုင်သွားတယ်။ jisoo အမြန်လှမ်းထိန်းလိုက်ကာ။

Beloved bodyguardWhere stories live. Discover now