22

3.1K 266 30
                                    

“ မနက်ဖန် မင်္ဂလာပွဲတောင်ရောက်ပြီနော် မောင် မ အရမ်းစိတ်လှုပ်ရှားတာပဲ ”
မောင့် ပခုံးလေးကိုမှီပြီးနေဝင်အတူကြည့်ကာ မောင့် ကိုပြောနေမိတယ်။တကယ်လည်းစိတ်လှုပ်ရှားနေတာပါပဲ။ မောင် နဲ့အတူတူဘဝတစ်ခုကိုတည်ထောင်ရတော့မယ်ဆိုတော့ သူမ သိပ်ကိုပျော်တာပဲ။

“ ဟုတ်လား မောင့် ပေါက်စလေးအဆင်ပြေရဲ့လားဟင် ”

“ အင်းဟင်း မောင် နဲ့အတူဘဝတစ်ခုတည်ထောင်ရတော့မှာဆိုတော့ပျော်တယ် ”

“ မောင် ကပိုပျော်တာပေါ့ ”

“ ‌မပျော်လို့မရဘူးလေ ‌မပျော်ရင်ဗိုက်‌ကြောလိမ်ဆွဲမယ် ”

“ ဟင် ဘာမှလည်းမဆိုင်ဘူး ”

“ ဆိုင်တယ် ရှင် က ကျမ နဲ့အတူနေလို့မပျော်ရင်ဘယ်သူနဲ့နေမှပျော်မှာလဲ ပြောပုံကိုကနော် အဟွန့် ”

“ အာ ဘာတေလျှောက်ထင်နေမှန်းမသိလာပြန်ရအောင် စိတ်ပူနေလိမ့်မယ် ”

“ ဘယ်သူကစိတ်ပူမှာလဲ မ တို့ကစိတ်ပူရမယ့်အရွယ်လား ”

“ အင်း မ ကလေးမဟုတ်လို့ မောင် တို့ကအမြဲစိတ်ပူရတယ် ”

“ မဆိုင်တာ ”

“ ကဲ မထချင်အုံးကွာ ”
ပြောရင်း Jen ကိုပွေ့ချီလိုက်တော့ သူမ မှာအလန့်တကြား သူ့ လည်ပင်းလိုက်လှမ်းဖက်လိုက်ရတယ်။

“ တကယ်ပဲ လူ ကိုနှလုံးရောဂါရအောင်လုပ်နေတာလား ”

“ မောင် ကလုပ်စရာလားနော် ”
ကားနားရောက်တော့ Jen ကိုကားထဲထည့်ပေးလိုက်ရင်းပြောတယ်။ သူမ ကတော့ သူ့ ကိုမျက်စောင်းတွေကြီးလှိမ့်ထိုးနေတယ်။ဒါကိုပင် သူ ကသဘောတကျကျ။

“ မောင် ပြန်တော့မယ်နော် မ ”

“ မောင် အိမ်ထဲတောင်မဝင်တော့ဘူးလား ”

“ အင်း မဝင်တော့ဘူး ”

“ ညစာတစ်ခါထဲစားသွားလေ ”

“ တော်ပါပြီ ”

“ ကဲ လာဆို ”
သူမ သူ့ လက်မောင်းကိုဖျစ်ညစ်ပြီးအတင်းဆွဲခေါ်သွားတယ်။

“ လာ သမီး တို့တစ်ခါထဲဝင်စားလိုက်တယ် ”
အိမ်ထဲဝင်လာတဲ့သူမတို့နှစ်ယောက်ကို Jen Omma ကလှမ်းခေါ်လိုက်တယ်။

Beloved bodyguardWhere stories live. Discover now