09

3K 301 30
                                    

“ Lisa ရှင် အရမ်းပင်ပန်းနေရင်ရေအရင်ချိုးပြီးနားလိုက်ပါလား ”
အခန်းထဲရောက်တော့ပစ္စည်းတွေနေရာချရင်း Jen ကပြောလိုက်တယ်။

“ ငါ ကဘယ်မှာအိပ်ရမှာလဲ ဟင် ”

“ ဒီကုတင်မှာပဲအိပ်ရမှာပေါ့ အကျယ်ကြီးကို ”

“ အော် အေးပါ Jen အဆင်မပြေရင် ငါ အောက်မှာအိပ်ပေးပါ့မယ် ”

“ ရပါတယ်ဆို ကဲ သွားရေသွားချိုးချည် ”

“ Nae ”
Lisa လည်းရေချိုးခန်းထဲဝင်သွားတယ်။ Jen လည်း Lisa ကျောပိုးအိတ်ထဲကအဝတ်အစားတွေထုတ်ပြီး ဗီရို ထဲထည့်နေတုန်း box သေးသေးလေးတစ်ခုတွေ့တယ်။ဖွင့်မကြည့်ပေမယ့် box လေးကိုအချိန်ကြာသည်အထိကြည့်နေမိတယ်။ပြီးတော့ ဗီရို ထဲပဲထည့်ထားလိုက်တယ်။ တကယ်လို့များဖွင့်လိုက်ရင်....။ ခနကြာတော့ Lisa တစ်ယောက် bathrobe လေးဝတ်ပြီးထွက်လာတယ်။ Jen ကတော့ကုတင်ပေါ်မှာဖုန်းထိုင်ကြည့်နေတယ်။ Lisa ထွက်လာတာမြင်တော့မော့ကြည့်လိုက်တော့မျက်နှာပေါ်မှာရေစက်လေးတွေဟိုတစ်စက်ဒီတစ်စက်နဲ့လည်တိုင်ပေါ်ကလည်စလုတ်သေးသေးလေးကအထင်းသား အသားကလည်းဖြူအုနေတာပဲ လည်ပင်းကမှည့်လေးကိုမြင်တော့ သူမ ရင်ခုန်လာတယ်။ ချက်ချင်းအကြည့်လွဲလိုက်တယ်။ သူ ကတော့စိုနေတဲ့ခေါင်းကို dryer နဲ့မှုတ်နေတယ်။ Jen မှာတော့ခုထိရင်ခုန်တာမရပ်အား...ရပ်ပါတော့ အဟင်းး ဘာလို့အဲ့လိုလောရှည်ကိုမှရင်ခုန်နေရတာလဲ။ Lisa ‌ခေါင်းကိုခြောက်အောင်လုပ်ပြီး ရေချိုးခန်းထဲဝင်ကာအဝတ်အစားလဲလိုက်တယ်။ အဝတ်အစားလဲပြီးထွက်လာတော့ဟိုဖက်လှည့်အိပ်နေတဲ့ Jen ဘက်ကိုသွားကာ။ Jen ရှေ့မှာဒူးထောက်ချလိုက်ပြီး...။

“ Jen ”

“ အင်းဟင် ”
အခုအခြေအနေကမျက်နှာချင်းကိုမှတော်တော်းလေးနီးကပ်နေတယ်။ စကားပြောတာကနှစ်ကိုယ်ထဲကြားရုံလေး။ Jen မှာတော့နီးကပ်လွန်းတဲ့အခြေအနေကြောင့် ရင်တွေအရမ်းခုန်ပြီးကြက်သီးတေပါထလာတယ်။

“ ရေမချိုးသေးဘူးလား ဘာလို့ဂိမ်းဆော့နေတာလဲ ”

“ ဆော့ချင်လို့ ရေကမချိုးချင်သေးဘူး ”

“ ဟုတ်လား ”
Jen ပြန်မဖြေမိဂိမ်းကိုသာအာရုံစိုက်ပြီးဆော့နေတယ်။ Lisa ကတော့သူ့ရှေ့မှာလှဲနေရင်း
ဂိမ်းဆော့နေတဲ့ကောင်မလေးကိုသာစိုက်ကြည့်နေမိတယ်။ ဒါဘယ်လိုအခြေအနေကြီးပါလိမ့်။မထင်မှတ်ထားတဲ့အခြေအနေကြောင့် Jen မျက်လုံးတေပြူးကျယ်သွားတယ်။ နေ...နေပါအုံး lalisa ကငါ့နဖူးကိုနမ်းလိုက်တာလား။

Beloved bodyguardWhere stories live. Discover now