16

3.2K 285 27
                                    

“ မောင်.........”
ဝိုင်လေးငါးခွက်လောက်သောက်ပြီးမူးနေတဲ့ သူ့ ရဲ့ မမ ပါးလေးတွေကလည်းရဲလို့အသည်းယားစရာ မထင်ရင်မထင်သလို မောင် မောင် နဲ့ထထခေါ်တတ်သေးတာ။အခုလည်းကြည့်အသည်းယားအောင်ခေါ်နေပြန်ပြီ အလိုလိုနေရင်းတောင်အသည်းတွေကလိကလိဖြစ်နေတာပါဆို။

“ ဗျ ”

“ တို့ ကိုတကယ်ရောချစ်ရဲ့လားအပျော်ကြံတာလား ”
ငိုရခက်ရယ်ရခက် အော်ဟော် အပျော်ကြံစရာလားဒီရစ်ထုတ်လေးကို ရီဝေဝေမျက်လုံးလေးတွေတကယ့်ကိုအသည်းယားစရာလေးပါဗျာ!!။

“ ချစ်တာပေါ့....တကယ်ချစ်တာအပျော်ကြံစရာလား မောင် က ”

“ ဟီးး အာ့တာကြောင့်အများကြီးချစ်နေရတာပွဲထဲမှာ ရှင့် ကိုလိုက်ကြည့်နေတဲ့မျက်လုံးတေကိုးထိုးဖောက်ပစ်ချင်တာသိရဲ့လား ”

“ ဟားဟား....”

“ မရယ်နဲ့ ”
Jen အပြောကြောင့် Lisa ရယ်နေတာကိုချက်ချင်းရပ်လိုက်တယ်။

“ မရယ်နဲ့ lalisa manoban ”

“ အင်း မရယ်တော့ဘူးလေ ”

“ အင်း ကောင်းတယ် ရှင့် ကရယ်နေရင်လည်းကြည့်ကောင်းနေလို့ပါးစပ်ကိုတိတ်နဲ့ကပ်ထားမှာ ”
တကယ်ပါမူးပြီးဘာတွေပြောနေမှန်းမသိမပီကလာပီကလာနဲ့ဒီကလူကအသည်းယားလွန်းလို့သေတော့မယ်။ ဝိုင်ပုလင်းကိုလှမ်းယူနေလို့ Lisa မနည်းလုယူလိုက်ရတယ်။

“ တော်ပြီနော် မမ အရမ်းမူးနေပြီအိပ်ရအောင် ”

“ ဟင့်အင်း သောက်အုံးမှာလို့... lalisa မကောင်းတဲ့လူကြီးရဲ့ ”

ဟောဗျာ!!! ကိုယ် ကပဲမကောင်းတဲ့သူကြီးဖြစ်သွားရပြန်ပြီ။သူမလေးစိတ်ချမ်းသာအောင်တစ်ခွက်နှစ်ခွက်လောက်သောက်ပြီးရင်တော့အလိုလိုက်လို့မရတော့။ Jen တစ်ခွက်နှစ်ခွက်လောက်သောက်ပြီးတော့ Lisa လုယူလိုက်ကာပြန်မပေးတော့။

“ တော်ပြီ Jennie Kim အရမ်းများနေပြီ ”

“ ဘာလဲ လူကိုလာအော်နေတာလား!!! ”
ကိုယ် အော်တာလား သူမလေးအော်တာလားမသဲကွဲတော့ဘူး။

“ မအော်ပါဘူး လာအခန်းထဲသွားရအောင်နော် မောင့် ကျောပေါ်တက် ”
Lisa ချော့မော့ပြီးခေါ်သွားရတယ်။ အခန်းထဲသွားနေတဲ့တစ်လျှောက်လုံးကျောပေါ်ကသေးသေးလေးကအငြိမ်မနေလည်ပင်းကိုကိုက်လိုက်နမ်းလိုက်လုပ်နေတယ်။အခန်းထဲရောက်တော့လည်းအန်ချင်တယ်ဆိုလို့ရေချိုးခန်းထဲပြေးရပြန်တယ်။ဟူး မူးနေရင်တကယ့်မလွယ်ကြောလေး။

Beloved bodyguardWhere stories live. Discover now