07

3K 308 31
                                    

“ ဒါနဲ့ Jen ကဘယ်သွားမှာလဲ ငါ့ ကိုမပြောသေးဘူး အာ ဒါလေးထည့်သွားရင်ကောင်းမလား ”
Lisa အံဆွဲထဲက box လေးထုတ်ပြီးကျောပိုးအိတ်ထဲထည့်လိုက်တယ်။ ပြီးတော့အဝတ်အစားအနည်းငယ်လောက်ထည့်ကာအိတ်လေးလွယ်ပြီးထွက်လာတယ်။ Jen ကတော့ခုထိပြင်လို့မပြီးသေးဘူးထင်ပါရဲ့။ Lisa ကားဂိုဒေါင်ထဲကထုတ်ပြီးအသင့်စောင့်နေတယ်။သူ့ကားတော့မဟုတ်။ ခနကြာတော့ Jen ဆင်းလာတယ် luggage ကြီးဆွဲပြီး။ wae?? Jen ကတစ်လ နှစ်လ များသွားနေမလို့လား။ Lisa သူ့ကျောပိုးအိတ်ကိုကားပေါ်တင်ခဲ့ပြီး Jen ဆီပြေးသွားတယ်။

“ ငါ့ ကိုပေး ”
Lisa Jen လက်ထဲက luggage ကိုဆွဲယူလိုက်တယ်။

“ ဒါနဲ့ Jen ကဘာလို့အများကြီးထည့်လာတာလဲ ”

“ မများပါဘူးဘယ်မှာများလို့လဲ ”

“ wtf!! ”

“ yarr!!! ရှင် ကျမ ကိုဆဲနေတာလား ”

“ အာညီး အာညီး ယောင်သွားလို့ဒီလောက်အများကြီးကို ”

“ အင်း များတော့ကောအဲ့မှာထားခဲ့လို့ရတာပဲဟာ ”

“ အော် အင်း ဟုတ်ပါပြီ ”
Lisa လည်း Jen luggage ကိုအနောက်ကကားအပိုပစ္စည်းထည့်တဲ့အခန်းမှာထည့်လိုက်တယ်။ Jen ကတော့ကားထဲမှာဝင်ထိုင်နေပြီဒီတစ်ခါတော့နောက်ခန်းမှာမဟုတ်ရှေ့ခန်းမှာ Lisa နဲ့တူတူ။ Lisa ကတော့ထုံးစံတိုင်းကားမောင်းရင်မျက်မှန်တပ်တတ်တာသူ့အကျင့်။ မျက်မှန်တပ်ပြီးကားစက်နှိုးကာစမောင်းလိုက်တယ်။

“ ဒါနဲ့ Jen .... ”

“ အင်းဟင် ”
Jen ကိုခေါ်လိုက်တာကြောင့် Jen အပြင်ဘက်ကိုငေးကြည့်နေရာကနေ Lisa ဘက်လှည့်လာတယ်။

“ ဘယ်ကိုသွားမှာလဲ ”

“ Busan ”

“ What??!! ”
Lisa အလန့်တကြားကားကိုဘရိတ်စောင့်အုပ်လိုက်မိတယ်။ တော်သေးတာပေါ့နှစ်‌ယောက်လုံးခါးပတ် ပတ်ထားလို့...။

“ yarr ရှင် သေချင်နေတာလား ”

“ sorry sorry.. Jen ငါ အမှတ်မထင်... ”

“ ထားလိုက်တော့ ‌တော်သေးပေါ့ ခြံထဲမှာပဲရှိသေးလို့ Lisa ကျမ နမော်နမဲ့နိုင်တာမကြိုက်ဘူးနော် ”

Beloved bodyguardWhere stories live. Discover now