25

3.1K 277 37
                                    

“ အဲ့တာဆို Lisa မင်းလိုက်ချော့သင့်တာပေါ့ ”
သူငယ်ချင်း နှစ်ယောက်သောက်ရင်းစားရင်း Lisa ကရန်ဖြစ်တဲ့အကြောင်းပြောပြနေတာပကြောင့် Chaeyoung ပြောလိုက်ခြင်း။

“ ငါ့ ကိုမလိုက်လာနဲ့လို့ပြောသွားတယ်ဟ ”

“ အော် ငအ ရယ်မလိုက်နဲ့ဆိုတိုင်းမလိုက်စရာလား မလိုက်သွားရင်ပိုဆိုးမှာပေါ့ ”

“ အဲ့လိုလား ”
Lisa ပြောပြီးဘီယာဘူးကိုကိုင်ပြီးမော့သောက်လိုက်တယ်။
Chaeyoung ကတော့ သူ့ သူငယ်ချင်း ကိုကြည့်ပြီးသက်ပြင်းချယုံကလွဲပြီးမတက်နိုင်လိုက်ချော့ရမယ့်ဟာကို သူက အေးအေးဆေးဆေးဘီယာတောင်ထိုင်သောက်နေလိုက်သေးတာ။





သူမ Busan ကိုရောက်နေတာတစ်ပတ်တောင်ရှိသွားပြီ ဟိုအကောင်ကအခုထိလိုက်မလာဘူး သူမ တော်တော်ပင်စိတ်တိုနေပါပြီ သူမ ထွက်သွားတဲ့နေရာကိုမသိမှာဆိုးလို့ကိုတမင်ပြောခဲ့တာတောင် သူ ကအခုထိရောက်မလာဘူးဒါချစ်တာလား lalisa ယုံချင်စရာကိုမရှိဘူး။

“ သမီး နေ့လည်စာစားရအောင်လေကွယ် သမီး ဒီလိုကြီးဖြစ်နေတော့ အဖွား ကဘယ်လိုလုပ်စိတ်ကောင်းမှာလဲ ”
Jen အခန်းထဲမှာထိုင်နေပြီးပြတင်းပေါက်အပြင်ဘက်ကိုတွေတွေလေးငေးကြည့်နေရင်း သူ့ အကြောင်းတွေးနေတုန်းအဖွားရောက်လာတယ်။ သူမ အဖွား ရင်ခွင်ထဲတိုးဝင်လိုက်တော့ အဖွား ကအလိုက်သင့်လေးခေါင်းလေးကိုပွတ်သတ်ပေးတယ်။

“ မစားချင်ဘူး ဖွား ”
သူမ အပြောကြောင့် အဖွား သက်ပြင်းချလိုက်မိတယ်။နေ့တိုင်းပဲမစားချင်ဘူးပြောနေတာ ပါးလေးတွေတောင်ပိန်လာပြီအတင်းချော့ကျွေးလို့စားတယ်ဆိုရင်လဲတစ်ဇွန်းနှစ်ဇွန်းထက်ပိုမစား Jen တို့ရန်ဖြစ်လာရတဲ့အကြောင်းကို အဖွား ကိုအကုန်ပြောပြလို့သိထားပြီးပြီ မချစ်တာလည်းမဟုတ်ချစ်ရဲ့သားနဲ့ကိုဒီကလေးတွေ။

“ မရဘူးလေ သမီး ရယ်နေ့တိုင်းကြီးမစားမသောက်ပဲနေလို့မရဘူးလေ ပါးဖောင်းဖောင်းလေးတွေတောင်ပိန်လာပြီ Lisa လေးမြင်ရင်ဘယ်လိုလုပ်စိတ်ကောင်းမှာလဲ သမီး  ”
Lisa နာမည်ကြားတာကြောင့် Jen ချက်ချင်းနှုတ်ခမ်းလေးဆူသွားတယ်။

Beloved bodyguardWhere stories live. Discover now