တစ်ပတ်ဆိုတဲ့အချိန်အတွင်းလေးမှာ Lisa နဲ့ ကျမ မဆိုသလောက်လေးရင်းနှီးလာတယ်။
သူ ကတစ်ခါတစ်လေနုနုညံ့ညံ့နဲ့တစ်ခါတစ်လေကျတော့လည်းဘုဂလန့်လေး...။ သူ့ ကိုယ် သူငါလို့သုံးတာလေးဘာလို့မှန်းမသိဘူး ကျမ သဘောကျမိတယ်။ အသက်မေးကြည့်တော့ 25 တဲ့ ကျမထက်တစ်နှစ်တောင်ငယ်တယ် ကိုယ်တော်က။ ကျမ အသက်မေးတော့ 26 လို့ဖြေလိုက်တော့ ' Jen ကို ငါ့ ထက်ငယ်မယ်ထင်ထားတဲ့ ' ဘာလို့လဲမေးလိုက်တော့သေးသေးလေးမိုလို့တဲ့လေ။ ကျမ သူထက်အသက်ကြီးတာသိသွားတာတောင် ငါ လို့သုံးနေတုန်းပါပဲ။" Jen ရေ Jen!! "
ကျမ ခြံထဲမှာထိုင်ပြီးတွေးနေမိတာ သူ လာတာတောင်မသိလိုက်။" ဟင် အင်းး ဘာလဲ "
သူကတစ်ဖက်ခုံမှဝင်ထိုင်လိုက်တယ်။" ဟိုလေ ငါ့ appa ကတစ်ပတ်တစ်ခါအိမ်ပြန်လာခဲ့ဖို့ခေါ်တယ် အဲ့တာ ငါ Jen ဆီကခွင့်လာတောင်းတာ "
" အာ ဟုတ်လားဘယ်နရက်လောက်လဲ "
ကျမ မေးလိုက်တော့လက်ကလေးနှစ်ချောင်းထောင်ပြတယ်။ ပြောချင်တာကနှစ်ရက်ပေါ့ပါးစပ်ကပြောလည်းရတဲ့ကိစ္စကို...။" အင်း ပြန်လေ "
" တစ်ယောက်ထဲသွားဖို့လာဖို့အဆင်ပြေရဲ့လား "
အမြဲတမ်း ကျမ ဘက်ကိုတွေးပေးတဲ့' သူ ' ။" ရပါတယ် Jen အဆင်ပြေပါတယ် "
Jen ဟုတ်တယ် ကျမ သူ နဲ့မှ Jen လို့သုံးမိနေတာ။" အာ့တာဆိုငါသွားတော့မယ်နော် တစ်ခုခုဆိုဖုန်းဆက်လိုက် "
သူ ပြောမှ ကျမ သတိရမိတယ်။" Lisa ခနခန!! "
ကျမ အော်လိုက်တာကြောင့် သွားနေတဲ့ခြေလှမ်းတွေရပ်လိုက်ပြီး ကျမ ဘက်ကိုပြန်လျှောက်လာတယ်။" ဘာလဲ Jen "
" အော် ဒီလိုပါ Jen မှာ ရှင့် ဖုန်းနံပါတ်မရှိဘူးလေ အဲ့တာ... "
" အာ ဟုတ်သား ငါ့ မှာပဲ Jen ဖုန်းနံပါတ်ရှိတာကိုမေ့သွားတာ ငါ ဖုန်းခေါ်လိုက်မယ် "
သူ့ဘောင်းဘီအိတ်ကပ်ထဲကဖုန်းထုတ်ပြီးခေါ်လိုက်တော့ ကျမ ဖုန်း screen ပေါ်ကျရောက်လာတဲ့ နံပါတ်စိမ်းလေးတစ်ခု။
" Jen အာ့တာ ငါ့ ဖုန်းနံပါတ်မှတ်ထားနော် "
" အော် အင်းး ဟုတ်ပါပြီ "
သူ ကပြောပြီးထွက်သွားတဲ့အချိန်မှာ ကျမ ဘာလို့မှန်းမသိတစ်ယောက်ထဲမနေချင်ဘူး တစ်ခုခုကိုလွမ်းဆွတ်သလိုပဲ။ ကျမ လည်းတော်တော်ကြာသည်အထိ ခြံထဲမှာထိုင်နေတယ်။