“ Jen ဘယ်ကိုသွားနေတာလဲ ”
တစ်နေကုန်သူမလေးရဲ့အပြုမှုလေးတွေကိုထိုင်ကြည့်ရင်းနားရွက်ချိတ်မတက်ပြုံးမိတာကြောင့်သူမလေးရ့မျက်စောင်းလှလှလေးကိုခနခနခံရတယ်။ညနေရောက်တော့ ဒန်းလေးပေါ်မှာထိုင်နေတာကြောင့် ကိုယ်လည်းသူမလေးဘေးမှာဝင်ထိုင်လိုက်တယ်။ ရှေ့ကိုငေးကြည့်နေပြီးတစ်ခုခုကိုလွမ်းနေသယောင် ဘာကိုများလွမ်းနေတာပါလိမ့်။ထိုင်နေရင်းရုတ်တရက် Jen ကဘာမပြောညာမပြောထသွားတာကြောင့် Lisa နောက်ကမြန်မြန်လိုက်လာရတယ်။“ အနောက်ကချောင်းလေးဆီသွားမလို့ ”
“ ဟမ် ဒီခြံထဲမှာချောင်းရှိတာလား ”
“ အင်းး ”
“ Jen ”
“ ဟင် ”
Lisa လမ်းလျှောက်နေရင်း Jen လက်လေးကိုလှမ်းဆွဲလိုက်တယ်။“ ဒီတိုင်းလေးကိုင်ပြီးလျှောက်လို့ရမလား ”
သူ့ လက်ချောင်းရှည်ရှည်လေးတွေကြား သူမလေး ရဲ့လက်သေးသေးလေးယှက်လိုက်တယ်။“ အင်း ”
Lisa လည်းနှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ကာတူတူလျှောက်သွားကြတယ်။ခနကြာတော့ချောင်းလေးဆီရောက်တယ်။နှစ်ယောက်သား တံတားလေးပေါ်မှာရပ်လိုက်တယ်။ ပြီးတော့ Jen ကလက်ကိုလွှတ်လိုက်ကာ တံတားဘောင်ပေါ်လက်ထောက်ပြီးစီးစင်းနေတဲ့ရေလေးတွေကိုငုံ့ကြည့်ပြီးပြုံးနေတယ်။“ Jen ”
“ ရှင် ”
“ အရမ်းသဘောကျတာပဲလား ”
Jen Lisa ဘက်ကိုလှည့်ကြည့်ပြီး။“ ဘာကိုလဲ ”
“ ဒီနေရာလေးကို ”
“ အင်းး ငယ်ငယ်ထဲကဒီနေရာလေးကိုခနခနလာဆော့နေကြ ”
“ အော် ”
....သူတို့နှစ်ယောက်ကြားမှာတော်တော်ကြာသည်အထိတိတ်ဆိတ်သွားကြတယ်။ Jen ကရေတွေကိုသေးကြည့်နေသလို Lisa ကဘေးတိုက်မြင်နေရတဲ့ Jen မျက်နှာလေးကိုငေးကြည့်နေတယ်။ ဘေးတိုက်အနေအထားတောင် Jen ကအလွန်မြတ်နိုးစရာကောင်းလှသည် တချို့အကြောင်းတွေကိုသူအမှန်တရားကိုသိနေပေမယ့် သူမလေး ကိုနောက်မှပြောပြမယ်ဟုစိတ်ကူးထားသည်မှာမှန်ရဲ့လားတော့မသိ။