" မောင် "
ညရောက်တော့ကုတင်ပေါ်မှာ Lisa ရင်ခွင်ထဲကိုအတင်းတိုးဝင်ရင်း Jen ခေါ်လိုက်တယ်။ နေ့တိုင်းလိုလို တစ်ယောက်အခန်းတစ်ယောက်သွားအိပ်ဖြစ်ကြသည်။ဖက်အိပ်ယုံလောက်ပဲ Lisa က Jen အပေါ်အလွန်သစ္စာရှိသည်။" ဟင် "
" ကိုယ့် ထက်အကြီးကိုနေ့လည်တုန်းကလေအဲ့လိုပြန်မပြောရဘူးလေ မောင် ရဲ့လိမ္မာမှပေါ့ "
" မောင် ဟိုကောင့်ကိုမကျေနပ်လို့ပါ မမ နားကိုမကပ်နဲ့လို့အတန်တန်မှာထားရက်နဲ့ "
" မောင် တောင် မ အနားမှာအချိန်ပြည့်နေချင်သေးတာပဲမဟုလား သူလည်းသူချစ်တဲ့သူနားမှာနေချင်မှာပဲလေ မောင် ရဲ့ "
" ဒါမယ့်လည်း မ ရယ် "
" မ အိပ်ချင်ပြီ မောင် ချော့သိပ် "
" အင်း အင်း "
( တစ်ခွန်းဆိုတစ်ခွန်းပဲနော် 😙 )
ရင်ခွင်ထဲကပေါက်စလေးရဲ့နဖူးလေးကိုဖိကပ်နမ်းကာ ကျောပြင်လေးကိုပွတ်သတ်ပေးရင်းချော့သိပ်လိုက်တယ်။မကြာပါဘူး ပေါက်စလေးကအိပ်ပျော်သွားတော့ သူ လည်း Jen နှုတ်ခမ်းလေးကိုငုံ့နမ်းလိုက်ကာအိပ်လိုက်တယ်။ချစ်ရသူနဲ့နိုးထရတဲ့မနက်ခင်းကဘာနဲ့မှလဲမရအလွန်နှစ်သက်ဖို့ကောင်းသည်။မျက်လုံးဖွင့်ဖွင့်ချင်းရင်ခွင်ထဲမှာနှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ကောင်မလေးကိုငုံ့ကြည့်လိုက်ကာပြုံးလိုက်မိတယ်။အိပ်နေတာကွေးကွေးလေးကလေးသေးသေးလေးလိုပဲ ချစ်ဖို့ကောင်းလိုက်တာလည်းဒီပေါက်စလေးအပြင်နှစ်ယောက်မရှိ။
" သဲငယ် "
Jen နဖူးလေးကိုငုံ့နမ်းလိုက်ကာ Lisa ခေါ်လိုက်တယ်။" ထတော့လေ "
" ဟင့်အင်း အိပ်ချင်သေးတယ် "
အိပ်ချင်မူးတူးအသံလေးကချစ်စရာသိပ်ကောင်းတာ။" ခေါင်းကိုက်နေအုံးမယ်လေ ထတော့ပါ လိမ္မာတယ် "
" ဟင့်အင်းဆို အိပ်ချင်သေးတယ်လို့ "
ပြောပြီးရင်ခွင်ထဲပိုတိုးလာတဲ့ပေါက်စလေး သူ ဘယ်လိုပြောရပါ့အဆိုးလေးပါကွာ။" အင်း အင်း အိပ် အိပ် မောင် ကတော့ထပြီနော် "
" မောင် ဘယ်လိုဖြစ်နေတာလဲ မောင် ရင်ခွင်ထဲမှာအိပ်ချင်တာဘာလို့အရမ်းထချင်နေရတာလဲ "