14

3.2K 288 34
                                    

“ မြေးလေး တို့ကားကိုဂရုစိုက်မောင်းသွားကြနော် ”
နှစ်ရက်ထပ်နေပြီး Lisa တို့ Seoul ကပြန်ကြတယ်။ အဖွားကားနားထိလိုက်ပို့ပေးရင်း ဂရုစိုက်ဖို့မနားတမ်းမှာလဲ ညက ni ကမအိပ်ဘူးရင်ခွင်ထဲအတင်းတိုးဝင်ပြီမပြန်ချင်ဘူးပြောနေလို့ချော့နေရတာမိုးလင်းခါနီးမှအိပ်ရတယ်။

“ ဖွား ကော Jen နောက်တစ်ခါပြန်လာရင်ဒီလိုလေးဝနေရမယ်နော် jen ကပြန်ချင်တာမဟုတ်ဘူး appa တို့ကမနက်အစောကြီးထဲဘယ်ချိန်ပြန်လာမှာလဲမေးနေတာဟွန့်..... ”

“ သားတို့က မြေး ကိုလွမ်းနေလောက်ရောပေါ့ နောက်ခါမှအကြာကြီးနော် လိမ္မာတယ် ”

“ Nae unnie နို ဖွား ကိုဂရုစိုက်ပေးပါအုံးနော် ”
အနောက်မှာရပ်နေတဲ့ နို ကို Jen ကလှမ်းပြောလိုက်တယ်။

“ Nae မမလေး စိတ်ချပါ ”

“ ဖွား ဒါဆို Jen တို့သွားတော့မယ်နော် ”

“ အင်း Lisa လေးကားကိုဂရုစိုက်မောင်းနော် ”

“ Nae အဖွား ဒါဆို Lisa တို့ကိုခွင့်ပြုပါအုံး ”
Lisa လည်း Jen တက်ဖို့ကားတံခါးအရင်ဖွင့်ပေးပြီး ပြီးမှ သူ တက်လိုက်တယ်။ကားစက်နှိုးပြီးသည်နှင့်တပြိုင်နက်ကခြံထဲတရွေ့ရွေ့မောင်းသွားတဲ့ကား‌လေးကို နိုနဲ့ဖွားကမြင်ကွင်းဆုံးထိကြည့်ပြီးမှအိမ်ထဲဝင်သွားတယ်။

Lisa ‌ကားမောင်းနေရင်း Ni မျက်နှာလေးကိုလှမ်းကြည့်လိုက်တော့ညှိုးလို့။မောင်းနေရင်းလက်တစ်ဖက်လွှတ်ပြီး Ni ကိုဆွဲပြီးဆုပ်ကိုင်လိုက်တော့ သူမလေး ကစောင်းငဲ့ပြီးကြည့်လာတယ်။သူ့ လက်မလေးနဲ့ သူမလေးရဲ့လက်ဖမိုးလေးဖွဖွလေးပွတ်သတ်ပေးနေလေရဲ့။

“ Ni မျက်နှာလည်းမကောင်းပါလားခေါင်းကိုက်လို့လား ”
သူမလေးက ပြန်မဖြေပဲ သူ့ လက်လေးနှုတ်ခမ်းနားကပ်ပြီးထိကပ်နမ်းနေလေရဲ့။ Lisa မျက်နှာကလည်းပြုံးလို့။

“ မဟုတ်ပါဘူး Ni ဘာမှမဖြစ်ပါဘူး ကိုကို ”

“ ဒါဆို ni မျက်နှာလေးညှိုးမနေပါနဲ့လား
ကိုကို့ ရင်ဘတ်ထဲကနာလို့ ”

“ အပိုတွေပြောတဲ့လူကြီး ”

“ တကယ်ပြောနေတာ Ni ရဲ့ ”
Jen လည်းပါးဖောင်းဖောင်လေးတွေလုံးတက်ပြီးမျက်လုံးလေးတွေမှိတ်သွားသည်ထိပြုံးပြလိုက်တယ်။

Beloved bodyguardWhere stories live. Discover now