18

3K 263 35
                                    

“ တောင်းပန်ပါတယ် မ မောင် လိမ်လိုက်မိတဲ့အတွက် ”
Lisa သူ့အခန်းထဲပြန်ရောက်တော့ကုတင်ပေါ်လှဲကာ မျက်နှာကျက်လေးကိုတွေတွေလေးကြည့်ရင်းပြောနေမိတယ်။ပြီးမှ jisoo တို့နဲ့ချိန်းထားတာကိုသတိရပြီးရေချိုးခန်းထဲပြေးဝင်ပြီးရေချိုးလိုက်တယ်။ ပြီးတော့အဝတ်အစားလဲပြီး Jen အခန်းဘက်ကိုထွက်လာတယ်။

“ ဒေါက်!! ဒေါက်!! ”

“ မ မောင် ပါဝင်ခဲ့မယ်နော် ”
ပြောပြီးအခန်းထဲဝင်သွားတော့ Jen ကိုမတွေ့ရေသံကြားမှရေချိုးနေတယ်ဆိုတာသိကာ ကုတင်ပေါ်မှာထိုင်နေလိုက်တယ်။ ခနကြာတော့ Jen ထွက်လာတာကြည့်လိုက်တော့ခန္ဓာကိုယ်မှာတံဘတ်လေးတစ်ထည်သာပတ်ထားပြီးခေါင်းလျှော်ထားတာကြောင့်ခေါင်းလေးသုတ်ပြီးထွက်လာသည်မှာ သူ့ ကိုဆွဲဆောင်နေသယောင်။မဖြစ်ဘူး lalisa စိတ်ထိန်း စိတ်ထိန်း မ ကိုမပိုင်ဆိုင်သရွေ့ငါ‌စည်းစောင့်ရမှာသေးသေးလေးတောင်အပွန်းအပဲ့မခံနိုင်ဘူး။ Lisa Jen ကိုမကြည့်တော့ပဲချက်ချင်းမျက်နှာလွှဲလိုက်တယ်။ Jen ကတော့ Lisa နားရွတ်တွေနီရဲနေကာမျက်နှာဟိုဘက်လှည့်သွားတာကြောင့်ပြုံးလိုက်မိတယ်။အာ့လောက်ကြီးပဲရှက်တတ်ရတာ
ဟွန့်။ Jen လည်းအဝတ်အစားတွေယူကာ Lisa ရှက်နေမှန်းသိတာကြောင့်ရေချိုးထဲသွားလဲလိုက်တယ်။

“ ဟူးး ပူလိုက်တာဒီနေ့မှဘယ်လိုတေတောင်ဖြစ်နေရတာလဲ ”
Lisa ချွေးတွေပြန်ကာကုတင်ဘေးကတင်ထားခုံပေါ်ကရေခွက်ကိုယူကာတစ်ခါထဲမော့သောက်လိုက်တယ်။

“ မောင် ဘယ်လိုတွေဖြစ်လို့ချွေးတွေအာ့လောက်ပြန်နေရတာလဲ ”
Jen အဝတ်အစားလဲပြီးပြန်ထွက်လာတော့ Lisa နဖူးကချွေးလေးတွေကိုသုတ်ပေးရင်းပြောလိုက်တယ်။

“ ဟင် အင်း ဘာမှမဖြစ်ပါဘူး မ ရဲ့ပြီးပြီလားသွားရအောင်လေ ”

“ နေအုံး မောင် ရေရောချိုးပြီးရဲ့လား ”

“ ချိုးပြီးပြီလေ မ ရဲ့ ”

“ ဒီလောက်ချွေးတွေထွက်နေတာ သွား သွား ပြန်ချိုးချည် ”

“ ဟာ မ ကလည်း ”

“ ကဲ သွားဆို!! ”
Jen အသံလေးနည်းနည်းမာလိုက်တာနဲ့ Lisa ချက်ချင်းပြေးရတာပဲ။Lisa အပြုအမူကြောင့် Jen မျက်နှာထက်အပြုံးလေးတစ်ခုဖြစ်ပေါ်လာတယ်။

Beloved bodyguardWhere stories live. Discover now