15

3.3K 289 26
                                    

“ မောင်!! ဘာလို့ကြယ်သီးတစ်လုံးကဖြုတ်ထားရတာလဲ ”
ပွဲတက်ဖို့သွားခါနီး Jen ကအခန်းထဲကထွက်မလာသေးတာကြောင့် Lisa Jen အခန်းထဲကိုဝင်သွားတော့သူမလေးကအခုထိပြင်လို့မပြီးသေး။ Lisa ကအနက်ရောင်ဘောင်းဘီရှည်နဲ့ shirt အဖြူလေးကိုတွဲဝတ်ထားပြီးအပေါ်ကကြယ်သီးနှစ်လုံးကိုဖြုတ်ထားတဲ့သူကကြည့်ကောင်းနေတာထက်ပိုတယ်။ ဒါပေမယ့် သူမလေးကကြယ်သီးဖြုတ်ထားတာကိုသဘောမကျဒါကြောင့်မှန်ထဲကနေမြင်နေရတဲ့ Lisa ကိုအော်လိုက်တယ်။

“ အင်း မောင် နေရကျပ်နေလို့ ”

“ မရပါဘူးတပ်ရမယ် ”

“ ဟုတ်ပါပြီ မောင် ခနနေတပ်လိုက်ပါ့မယ် မမ ရဲ့ ”

“ အင်း တို့တပ်ပေးမယ်ခနစောင့် ”
Jen လည်းပြောပြီးမိတ်ကပ်လေးနည်းနည်းထပ်လိမ်းကာဗီရိုထဲကအနက်ရောင် dress လေးထုတ်ကာ Lisa ရှေ့မှာတင်လဲလိုက်တယ်။

“ မောင် တို့ကိုဒီတိုင်းပဲကြည့်နေတော့မှာလား ဇစ်ဆွဲပေးအုံးလေ ”
ဇစ်ဇွဲဖို့အခက်တွေ့နေတဲ့ Jen ကသူမကိုအကောင်လိုက်မျိုချတော့မလိုကြည့်နေတဲ့ Lisa ကိုပြောလိုက်တယ်။ Lisa Jen အနားကိုဖြည်းဖြည်းလေးလျှောက်သွားလိုက်ကာ ဇစ်လေးကိုဆွဲတင်ပေးလိုက်ပြီးပခုံးလေးကိုငုံ့နမ်းလိုက်တော့ Jen ကိုယ်လေးတုန်သွားတာကြောင့် Lisa ပြုံးလိုက်တယ်။ Jen Lisa ဘက်လှည့်လာပြီး Lisa လက်ထဲမှာအသင့်ပါလာတဲ့ Necktie လေးကိုယူပြီးစည်းပေးလိုက်ကာအင်္ကျီကိုပြင်ပေးလိုက်တယ်။

“ coat ကကော မောင် ”

“ coat ကဝတ်ရအုံးမှာလား ”

“ အင်းဟင် ဒါမှကြည့်ကောင်းမှာပေါ့ ”
Lisa Jen လက်လေးကိုဆုပ်ကိုင်ပြီး။

“ သွားကြစို့‌ မောင့် ရဲ့ မမ ကအရမ်းလှနေတယ် ”

“ Jennie Kim ပဲလေဒီလောက်တော့ရှိမှာပေါ့ ”

“ ဟုတ်တာပေါ့ ဟိုရောက်ရင်ဝိုင်တွေသိပ်မသောက်နဲ့နော် မောင် ဝယ်လာတယ် ”

“ အင်း တို့မသောက်ပါဘူး ”
အခန်းထဲထွက်လာပြီး Lisa သူ့အခန်းထဲကို coat သွားယူလိုက်တယ် Jen ကတော့အခန်းရှေ့မှာရပ်စောင့်နေတယ်။ Lisa ပြန်ထွက်လာတော့လက်မှာအသင့်ပါလာတဲ့ coat လေးကိုယူကာ Jen ကဝတ်ပေးလိုက်တယ်။ နှစ်ယောက်သားအောက်ထပ်ကိုဆင်းလာတော့ Mr.kim ကပြင်ဆင်ပြီးနေပြီ။

Beloved bodyguardWhere stories live. Discover now