10

3.3K 295 30
                                    

“ မြေးလေး ဘာလို့ထမင်းပန်းကန်ကြီးကိုပဲငုံ့ကြည့်နေရတာလဲ ”
ညစာစားတော့ Lisa နဲ့ Jen ကမျက်နှာချင်းဆိုင်မှာထိုင်တယ်။ Jen ကအခုထိရှက်နေတုန်းထင်ပါရဲ့မျက်နှာကိုအောက်ပဲငုံ့ထားတယ်။ ( Jen ငုံ့ရင်လည်းငုံ့ထားချင်စရာပါ lalisa ကပြုံးပြုံးကြီးထိုင်ကြည့်နေတာကို )

“ ဘာမှမဖြစ်ပါဘူး ဖွား ”

“ အင်း ဘာမှမဖြစ်ဘူးဆို ထမင်းသေချာစား Lisa လေးကိုလဲဟင်းတွေထည့်ပေးလိုက်အုံးလေကွယ် ”
အဖွားပြောသည့်စကားကြောင့် Jen မော့ကြည့်လာတယ်။

“ သူ့မှာလည်းလက်ပါတယ်လေ ဖွား ရဲ့ ”

“ သူမှာလက်ပါတာ ဖွား လည်းသိတာပေါ့ဒါမယ့်ဧည့်သည်လေ မြေး ရဲ့ထည့်ပေးရမှာပေါ့ ”

“ ဟ ဖွား ကလည်းဧည့်သည်မဟုတ်ပါဘူး ”
မြေးဖွားနှစ်ယောက်တိုင်ပတ်နေတာနဲ့ ငါကောညစာစားရပါ့မလားမသိဘူး။

“ ရပါတယ် အဖွား Lisa ဘာသာထည့်စားလိုက်ပါ့မယ် ”

“ အေးကွယ် မြေးလေး ကပြောရဆိုရခက်တယ် ”
Jen ကတော့ဂရုမစိုက်စားသာစားနေတယ်။ထမင်းစားပြီး Jen ကတော့အပေါ်ထပ်ကိုတက်သွားပြီး Lisa ကတော့ Jen အဖွားနဲ့စကားထိုင်ပြောနေတယ်။

“ ဒါဆို မြေးလေး ကိုအာ့အကြောင်းမပြောပြထားကြဘူးပေါ့ ”

“ ဟုတ် ဖွား uncle ကပြီးမှပြောမယ်ထင်တယ် ”

“ အင်း ဟုတ်ပါပြီကွယ် ဒါဆိုနားတော့လေ သမီး ဖွား လည်းအိပ်တော့မယ် ”

“ ဟုတ်ကဲ့ အဖွား ကောင်းသောညပါ ”
အဖွား သူ့အခန်းထဲသူဝင်သွားတော့ Lisa လည်း Jen နဲ့အတူနေတဲ့အခန်းကိုတက်လာလိုက်တယ်။ အခန်းရှေ့ရောက်တော့ဝင်ဖို့တွေဝေနေမိတယ်။နေ့လည်က သူ သူမ‌နဖူးလေးကိုနမ်းလိုက်တာခုထိအခဲမကြေသေးရင်ဘယ်လိုလုပ်မလဲ စိတ်မထင်လို့တစ်ခုခုကောက်ထုလိုက်ရင်နဖူးမှာပဲဘုထမလားခေါင်းပေါ်ပဲချုပ်ရိုးရာထင်းနေမလားမသိဘူး။အာ ဝင်မှဖြစ်မှာပေါ့မဟုတ်ရင် ငါ အပြင်မှာခြင်ကိုက်ခံပြီးအိပ်နေရလိမ့်မယ်။ Lisa တံခါးဖွင့်ပြီးဝင်လာလိုက်တော့ ထုံးစံတိုင်းကုတင်ပေါ်မှာဘေးတစောင်းလေးအိပ်နေတဲ့အူကြူးလေးပါ Lisa လက်ထဲကနွားနို့ခွက်လေးကိုဘေးကခုံပေါ်တင်လိုက်ကာကုတင်ပေါ်မှာတက်ထိုင်လိုက်တယ်။ နွားနို့ခွက်ကလည်းအပေါ်ထပ်ကိုတက်ခါနီးမှ အဖွား ကသတိရပြီးပေးတာ။ Jen ဒီကိုလာရင်ညတိုင်းနွားနို့တိုက်တာတဲ့။ အာ့တာကြောင့်ပါးလေးကဖောင်းနေတာနေမှာ ခုလည်းအိပ်နေလိုက်တာဘေးတစောင်းလေးကြောင့်ပါးလေးတစ်ဖက်ကပိနေပေမယ့်ကျန်တဲ့တစ်ဖက်ကတော့လုံးတက်နေတာပဲ။ Lisa Jen ပါးလေးကိုငုံ့နမ်းလိုက်တော့ပေါက်စလေးကတအင်းအင်းတအဲအဲနဲ့ Lisa ဖက်လှည့်လာတယ်။ Lisa လည်း Jen ဘေးမှာလှဲလိုက်ကာ ညာဖက်လက်လေးကို ခေါင်းအုံးနဲ့ Jen  လည်ပင်းကြားလေးထိုထည့်လိုက်ကာ Jen ကို သူ့ လက်ပေါ်မှာခေါင်းအုံးစေတယ် ဘယ်ဘက်လက်လေးက Jen ခါးလေးပေါ်တင်ထားတယ်။ ဒီသေးသေးကိုချစ်မိနေပြီထင်ပါရဲ့ Jen ရဲ့ပါးဖောင်းဖောင်းလေးတွေကငယ်ငယ်ကအငို‌သန်တဲ့ကလေးလေးနဲ့သိပ်တူတယ်။ Lisa လည်း Jen ကိုအတော်တန်ကြာစိုက်ကြည့်ပြီး သူ လည်းမျက်လုံးလေးတွေမှေးစင်းကာအိပ်ပျော်သွားတယ်။ ရင်ခွင်ထဲကကောင်မလေးကတော့ Lisa အင်္ကျီစလေးဆွဲကာရင်ခွင်ထဲပိုတိုးလို့လာတယ်။
•••••××ו••••

Beloved bodyguardWhere stories live. Discover now