"ပါပါး ရေ....သားတို့ပြန်လာပါပီ" ×2
သုန်သုန့်အိမ်က ပြန်လာတဲ့အမွှာနှစ်ယောက်ရဲ့အသံက လူမမြင်ရသေးခင်မှာ အရင်ကြားရသည်။
"ကဲ ဆန်းသစ် နင်မှာထားတဲ့အတိုင်း ကလေးတွေကို လုပ်ပေးထားတယ် ရော့ဒါက မေမေက နင့်အတွက်ဆိုပီး ထည့်ပေးလိုက်တာ" ဟုဆိုကာ ထန်လျက်နဲ့အုန်းနို့ကို ရောပီးကြိုထားတဲ့ အုန်းနို့သာကူကြိုဘူးလေးကို Lock & Lock ဘူးနဲ့ထည့်ပီးယူလာသည်။
"အာ အန်တီတော့အလုပ်တွေ ရှုပ်တော့မှာဘဲ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါအုံး"
"ဟားဟား မလိုပါဘူးဟယ် သူကလေ သူ့မြေးကလေးတွေ အိမ်လာလို့ကို ပျော်နေတာ ကလေးတွေ အကြိုက် အုန်းနို့သာကူကြိုကို လုပ်ကျွေးလိုက်တာ"
"ထမင်းကော ကောင်းကောင်းစားရဲ့လား သူတို့ကသရေစာဆို ထမင်းမေ့ဟင်းမေ့ကို စားကြချင်တာ"
"အမလေး စိတ်မပူပါနဲ့ ငါထမင်းကျွေးပီးမှ သာကူကြိုတိုက်တာပါ""ဒါနဲ့ နင့်ခြေထောက်ကကော အဆင်ပြေရဲ့လာ"
"ပြေပါတယ် ဆေးသောက်ထားတော့သိပ်မနာပါဘူး"
"မိုးလည်ချုပ်နေပီ နင်လည်းပြန်တော့ အပြင်မှာအခုလိုစကားပြောတာ မသင့်တော်ဘူးဟ"
"အေးပါဟယ် ပြန်မှာပါ ကလေးအဖေလူပြိုကြီးရယ်"လို့ဆိုကာ ကော့တော့ကော့တော့နဲ့တစ်ဖက်အိမ်ထဲကို ၀င်သွားတဲ့ သုန်သုန့်ကိုကြည့်ပီး ရီမိသည်။
အိမ်ထဲရောက်တော့ သုန်သုန်အမေပေးလာတဲ့သာကူတွေကို ရေခဲသေတ္တာထဲထည့်ကာ သိမ်းထားလိုက်ပီ မနက်ကြမှဘဲ နွှေကာစားလိုက်တော့မည်ဟုဆုံးဖြတ်လိုက်သည်။အခုတော့ သားတွေအိပ်ဖို့ အချိန်ရောက်နေပီမို့လို့ သိပ်ရတော့မည်။
သားတွေမအိပ်ခင် ခြေလက်ဆေးပေးပီး သွားတိုက်ပေးကာ pajamasအပြာနုလေးကို ဆင်တူလဲပေးလိုက်သည်။
"ပါပါး ချိုချိုစို့ချင်သေးတယ်"
စလာပါပီ သားနှစ်ယောက်ဟာ တစ်နေကုန် မူကြိုတက်နေရသည့်အတွက် ဖအေနို့ကို မစို့ရပေ။ထို့ကြောင့် အိပ်ယာ၀င်ချိန်မှသာ ဖအေဖြစ်သူနို့ကို တစ်ယောက်ဖက်ဆီစို့ပီးမှ အိပ်တက်ကြသည်။အခုလည်း နို့စို့ချင်၍ မျက်နှာငယ်လေးတွေနဲ့ နို့တောင်းနေချင်းဖြစ်သည်။
သားအမွှာတွေကို ဆန်းသစ်ကိုယ်တိုင် ၀မ်းနှင့်လွယ်ပီးမွေးထားရသည့် ကလေးတွေဖြစ်သည်။ဆန်သစ်မှာ မွေးရာပါ သားအိမ်ပါ၍ ကိုယ်၀န်ဆောင်နိုင်သည်။ထိုအကြောင်းတွေကို ဆန်းသစ်၏ဆုံးပါးသွားသည့်မိဘနှစ်ပါးနှင့် သုန်သုန်တို့ သားအမိသာ သိသည်။
အသက်လေးနှစ်ရှိနေပီဖြစ်တဲ့ သားအမွှာတွေကို နို့ဖြတ်ဖို့တော့ စိတ်မကူးမိပေ။ ငယ်စဉ်ကတည်းက ခုချိန်ထိ နို့ဘူးထက် ဖအေနို့ကိုသာ စို့ချင်နေသည့်သားတွေကို အလွယ်တကူနို့မဖြတ်ရက်ပေ။
"ပါးပါးသားလေးတွေက ကြီးနေပီလေ ချိုချိုစို့အုံးမလို့လား"
"ဟုတ်ပါပါး ပါပါးချိုကစို့လို့ကောင်းတယ် သားသားတို့က ကြီးနေပါဘူး သေးသေးလေးတွေဘဲရှိတယ်"ဆိုကာ ညံလေးက ပြောလာသလို ဂီးလေးကလည်း ထောက်ခံကြောင်း ခေါင်းတွေငြိမ့်ပြလေသည်။
ဆန်းသစ်လည်း ခြေလက်ဆေးပီး pajama အပြာနုလေးကို သားတွေနဲ့ဆင်တူလဲ၀တ်ကာ အိပ်ယာ၀င်ပီး သားတွေကို နို့တိုက်ပီးသာအိပ်လိုက်သည်။
•••••••
ဒေါက်ဒေါက်ဒေါက် ...
"၀င်ခဲ့"
"Hey My Little brother"ဆိုကာ လူမမြင်ခင်မှာ အသံကို အရင်ကြားရပါသော မိုးဦးရဲ့ ချစ်လှစွာသော အမွှာအမ မိုးဦးလေညှင်းသာဖြစ်သည်။
လေညှင်းအခန်းထဲ၀င်၀င်ချင်း မောင်ဖြစ်သူရဲ့ မျက်နှာညိုးနေတဲ့ပုံကို ကြည့်ပီးလန့်သွားရသည်။အခုလိုပုံစံကို လွန်ခဲ့တဲ့ငါးနှစ်ကသာ မြင်ဖူးခဲ့ရသည်။ထိုကိစ္စက ထင်ထားတာထက်ကွဲလွဲစွာ စုံစမ်းကခက်ခဲခဲ့သည်မှာ ယခုထိတိုင်ဖြစ်သည်။ထိုအကြောင်းတွေ ပြန်တွေးတိုင်း မောင်ငယ့်ကို သနားမိသလို တစ်ဖက်ကမည်သူမည်ဝါမှန်း မသိသည့်သူကိုလည်း သနားမိသည်။ယုတ်မာတဲ့လူတစ်ယောက်ကြောင့် အခုလို မောင်ငယ်ကော အပြစ်မရှိသည့်သူကော မြေစာပင် ဖြစ်ခဲ့ရသည်။
Note-နည်းနေမှန်းသိပေမယ့်ကတိတည်ချင်လို့တင်ပေးလိုက်တာပါ စာလုံးပေါင်းမှားနေရင်လည်း ပြင်ပေးပါ့မယ် သိမ့်ဒီနေ့အိမ်မှာအလုပ်ရှုပ်နေလို့ အများကြီးမရေးပေးနိုင်ဘူး နောက်နေ့အများကြီးတင်ပေးပါ့မယ်။
🍁Theint
4.2.2022(Friday)
8:34P.M
YOU ARE READING
Accident (Season 1) (Completed)
Romanceပထမဆုံး အရေးအသားမို့လို့ အမှားပါရင်လည်းဝေဖန်ပေးကြပါ။ ပထမဆုံး အရေးအသားမို့လို့ အမှားပါရငျလညျးဝဖေနျပေးကွပါ Started date -29.1.22( Saturday) Ending date -29.1.23(Sunday)