Happy Valentine's day

11.2K 834 6
                                    



"ပါပါးရေ......"×2

"ဗျာ..."

"ခစ် ခစ်"×2

"‌ဒီမှာ ချောကပ် စား" ဆိုကာ ညံလေးက သူ့လက်ထဲက ချောကလပ်လေးကို ဖအေ ပါးစပ်နားကပ်ကာ ကျွေးလာသည်။

"ဟင်..."

"သားကို ဒီချောကလပ်က ဘယ်သူပေးလိုက်တာလဲ"

"ဦးဦး ပေးလိုက်တာ"ဆိုကာ အိမ်ရှေ့ကို လက်ညိုးညွှန်ပြလာသည်။

ဆန်းသစ် အိမ်ရှေ့ကို ကြည့်လိုက်တော့ ခါတိုင်းနဲ့မတူ လူငယ်ဆန်ဆန် hoodieအဖြူရောင်နဲ့ ကာကီရောင် style pan ကိုတွဲဖက်၀တ်ဆင်လာတဲ့ မိုးဦးကို မှင်သက်စွာ ငေးနေမိသည်။

"အဟမ်း"

"ကိုယ်ဒီနေ့အရမ်းကို ချောနေတာ သိပါတယ် အဲ့လောက်ထိမငေးပါနဲ့ ကိုယ်နေရခက်လို့ပါ ဆန်း "ဟု ပြောင်စပ်စပ်မျက်နှာပေးဖြင့် ပြောလာတဲ့ လူကြောင့် ဆန်းသစ် မသိမသာနှာခေါင်းရှုံးမိသည်။

"မငေးကြည့်ပါဘူ ခုနက အပြင်မှာ ဘယ်သူလဲလို့သေချာကြည့်နေပါ"လို့ ဆန်းသစ် ခပ်တည်တည်သာ ပြန်ပြောပီး ဧည့်ခန်းထဲက ထလာကာ သားတွေအတွက် အစာပြေမုန့်တစ်ခုခု လုပ်ပေးရန် မီးဖိုခန်းဆီသို့သာ ထွက်လာလိုက်သည်။

"ဆန်းသစ်...အချစ်ကလေးရေ ငါလာ..လာ..အယ်...."

သုန်သုန်ဒီနေ့ Valentine's dayမို့လိုဆိုင်က နေစောစောပြန်လာကာ ဆန်းသစ်တို့သားဖနှစ်ယောက်ဆီသို့ ၀င်လာခဲ့သည်။ ခြံရှေ့မှာ ကားအကောင်းစားတစ်စီးရပ်ထားတာ ‌တွေ့ပေမယ့် ဆန်းသစ်အိမ်‌ ရှေ့မှာခါတိုင်းလည်း တစ်ချို့ကားများရပ်လေ့ရှိသည်။ ဆန်းသစ်အိမ်ကို ဧည်သည်ရောက်သည်ဟု မထင်မှတ်ထားတာကြောင့် ခါတိုင်းလို ဆန်းသစ်ကို စနောက်အော်ခေါ်ကာ အိမ်ထဲသို့ ၀င်လာချိန် အိမ်ရှေ့ခန်း ဆိုဖာ‌မှာ ရုပ်တည်ကြီးဖြင့် မျက်မှောင်ကျုံ့ကာ အပေါက်၀ကို စိုက်ကြည့်နေသည့်လူကြောင့် လန့်မိသည်။

"ပါပါးရေ တီတီလာတယ်"ဆိုကာ အမွှာနှစ်ယောက်ကလည်း သူ့ဖအေကို လှမ်းခေါ်ပီ သုန်သုန့်ဆီကပြေးသွားကြသည်။

"တီတီ ချောကပ်စားမလား"

"စား‌မှာပေါ့ တီတီကလည်း သားသားတို့အတွက် ချောကလပ်၀ယ်လာ ဒီမှာကြည့်"ဆိုကာ စတော်ဘယ်ရီ ချောကလပ်တစ်တောင့်ကို ကလေးတွေလက်ထဲထည့်ပေးလိုက်သည်။

Accident (Season 1) (Completed)Donde viven las historias. Descúbrelo ahora