"ဝေါ့.....အော့....."
"ကိုကိုးရယ် နည်းနည်းလေးဘဲသည်းခံလိုက်ပါနော်...."
"ကိုကိုးရေလေးသောက်လိုက်အုံး...."
မိုးဦးတစ်ယောက် ဆန်းသစ်ကိုယ်၀န်ရှိတာသိပြီးတဲ့အချိန်ကစပြီး သူကိုယ်တိုင်လည်း ဗိုက်ကြီးနာစွဲတာက သိသိသာသာကို ခံစားလာရသည်။
မိုးဦးတစ်ယောက် ယောက်ျာကိုဘယ်လောက်ထိချစ်လဲဆိုရင် သမီးတွေတုန်းကလည်း သူခံရသလို အခုနောက်ဗိုက်မှာလည်း သူခံနေရပြန်သည်။အခုတစ်ခါက ခံရအခက်ဆုံးပင်။
သူ့အကြိုက်ဒူးရင်းသီးဆို အနံ့လေးနည်းနည်းတောင်မခံနိုင်သလို သူနဲ့မတည့်တဲ့ပုဇွန်ကိုမှ အာသီသရှိနေပြန်သေးသည်။
"ဆန်း....ကိုယ့်ကို ဆီလေးတစ်ခွက်လောက်ထည့်ပေးပါလား..."
"ကိုယ်သောက်ချင်နေလို့..."
မိုးဦးစကားကြောင့် ဆန်းသစ်မှာ မျက်ခုံးတွန့်သွားရသည်။ ဒီတစ်ခါချဉ်ခြင်းတက်တာ တော်ယုံမဟုတ်တာကြောင့် ဆန်းသစ်ခေါင်းပူနေရပြန်သည်။
"အာ...ကိုကိုးရေ ပေါက်ကရတွေပြောမနေနဲ့..."
"ဆီက ဘယ်လိုလုပ်သောက်လို့ရမှာလဲ...."
"လုပ်ပါ....ကိုယ်တအားသောက်ချင်နေတာ တစ်စက်ကလေးဖြစ်ဖြစ်တော့ ယူပေးပါ"
ဆန်းသစ်တစ်ယောက် သူ့ကိုမျက်နှာငယ်လေးနဲ့ ပြောလာတဲ့စကားကို မလိုက်လျောမိအောင်ထိန်းထားရသည်။တကယ်ဗိုက်ကြီးနေတာ သူဆိုပေမယ့် ခံနေရတာတစ်ယောက်ဖြစ်တာကြောင့် အခက်တွေ့နေရသည်။
"သားလေး အဲ့အကောင်အဲ့လောက်ဖြစ်နေတာ လက်ဖက်စားဇွန်းနဲ့ တစ်ဇွန်းဖြစ်ဖြစ်ပေးလိုက်..."
"ဖြစ်ပါမလား မေမေရယ်..."
"တစ်ဇွန်းတစ်လေလောက်ကတော့ ဘာမှမဖြစ်ဘူး"
ဒေါ်မိုးသက် သူမသားကိုကြည့်ပြီး စိတ်လေသွားသည်။အရင်အချိန်တွေတုန်းက အိမ်ထောင်မပြုချင်ပါဘူးဆိုပြီး ဝေ့လည့်ကြောင်ပတ်လုပ်နေခဲ့ပြီး အိမ်ထောင်ကျသွားပြန်တော့လည်း ခင်ပွန်းဖြစ်သူကို သဲသဲလှုပ်လှုပ်ချစ်ပြလိုက်တာ ဒင်းဘဲပြိုင်စံရှားကိုဖြစ်လို့ပင်။
YOU ARE READING
Accident (Season 1) (Completed)
Romanceပထမဆုံး အရေးအသားမို့လို့ အမှားပါရင်လည်းဝေဖန်ပေးကြပါ။ ပထမဆုံး အရေးအသားမို့လို့ အမှားပါရငျလညျးဝဖေနျပေးကွပါ Started date -29.1.22( Saturday) Ending date -29.1.23(Sunday)