Happy birthday to you~~~
Happy birthday to you~~~
Happy birthday ~~~~Dear My Sons~~~
Happy birthday to you ~~~"Happy birthday ပါပါးသားပေါက်စလေးရေ....."
ဒီနေ့ဟာ သားပေါက်စလေးတွေရဲ့ အသက်ငါးနှစ်ပြည့်မွေးနေ့ပင်။
"ကိုယ့်ကိုကော Happy birthday လို့မပြောတော့ဘူးလား" ဆိုကာ အနောက်ကနေ ဆန်းသစ်ကိုဖက်ကာမေးလားတဲ့သူကြောင့် ပြုံးလိုက်မိသည်။
"ကိုကိုး ကို ညကပြောထားတယ်လေ မွေးနေ့လက်ဆောင်လည်းယူပြီးပြီမလား"
သားတွေနဲ့ ဒီနှစ်မွေးနေ့တကယ်ကို ထူးခြားပေသည်။အကြောင်းအရင်းကတော့ သူတို့လေးတွေရဲ့အဖေနဲ့ မွေးနေ့အတူတူဖြစ်နေချင်းကြောင့်သာ။
"ညကလက်ဆောင်ကအကြိုလေ ဒီနေ့ကမှအတည်ယူမှာ "ဆိုကာ ဆန်းသစ် နားနားကပ်ကာပြောလာတဲ့ ကိုကိုးကြောင့် အတင်းတွန်းထုတ်မိသည်။
"ကိုကိုး...ဘယ်လိုဖြစ်နေတာလဲ ကလေးတွေရှိနေတယ် လွှတ်အနောက်ကနေပွတ်သီးပွတ်သပ်နဲ့...."
"ပါပါးသားတွေလည်းထတော့ ကိုကိုးလည်း ကိုယ့်အခန်းကိုယ်ပြန်တော့..."ဆိုကာ ခပ်တည်နဲ့ငေါက်လိုက်ကာမှ သားတွေဟာလည်း အိပ်ယာပေါ်မှာ လူးလိမ့်နေရာကနေ ချက်ချင်းထလာကာ ကိုကိုးဂာလည်းဆန်းသစ်ကို ပွတ်သီး ပွတ်သပ်လုပ်နေရာမှ လက်တွေချက်ချင်းရပ်တန့်သွားပြီး ကိုယ့်အခန်းကို တန်းနေအောင်ပြန်၀င်သွားတော့သည်။
သားနှစ်ယောက်ဟာ အသက်ငါးနှစ်ပြည့်ပြီဖြစ်သလို ဆန်းသစ်လည်း ကိုကိုးတို့အိမ်မှာနေလာတာခုနှစ်လကျော်ရှစ်လပင်ရှိနေပြီဖြစ်သည်။ကိုကိုးမေမေက မင်္ဂလာဆောင်ဖို့ကိစ္စအတွက် အခုတလောလမ်းကြောင်းပေးပြီ ဖြစ်သလို ကိုကိုးအလုပ်တွေဟာလည်း အခုဘာတွေရှုပ်နေမှန်းကိုမသိပေ။
ဆန်းသစ်အနေနဲ့ ကြီးကြီးကျယ်ကျယ်မင်္ဂလာဆောင်လုပ်မယ့်အစား ဘုန်းကြီးကျောင်းတစ်ခုမှာ ဆွမ်းကျွေးဒါနပြုအလှူလေးသာလုပ်ချင်သည်။ထိုကိစ္စအား ကိုကိုးကိုတိုင်ပင်ချင်ပေမယ့် အလုပ်မအားသည့်သူကိုလည်း အခြေအနေကြည့်သဖြင့် ယခုအချိန်ထိမပြောရသေးပေ။
"ပါပါး မျက်နှာသစ်လို့ ပြီးပြီ "
ဆန်းသစ် အတွေးကမ္ဘာထဲရောက်နေချိန်မှာတော့ သားနှစ်ယောက်ဟာ ကိုယ့်ဘာသာမျက်နှာသစ်လို့ပင်ပြီးနေပြီဖြစ်သည်။ သားနှစ်ယောက်ကို ကိုယ့်အလုပ်တာ၀န်ကိုယ်ယူတက်အောင် ဖြေးဖြေးချင်းစီစသင်ပေးဖြစ်သည်။သွားတိုက် မျက်နှာသစ်ခြင်းအမှု ဆန်းသစ်မလုပ်ပေးဘဲ အနောက်ကနေသာ ကြည့်ပေးဖြစ်သည်။
ESTÁS LEYENDO
Accident (Season 1) (Completed)
Romanceပထမဆုံး အရေးအသားမို့လို့ အမှားပါရင်လည်းဝေဖန်ပေးကြပါ။ ပထမဆုံး အရေးအသားမို့လို့ အမှားပါရငျလညျးဝဖေနျပေးကွပါ Started date -29.1.22( Saturday) Ending date -29.1.23(Sunday)