Part 8(Zawgyi)

5.1K 139 0
                                    

"မာန်သော် ...ဘယ်ကနေပြန်လာတာလဲ"

"ဗျာ......ဟိုကျွန်တော့် အသိတစ်ယောက်အကူညီတောင်လို့သွားတွေ့ပီးပြန်လာတာပါ"

"အင်း...အဲ့တာဆိုလည်းသွားနားတော့"

"ဟုတ်ကဲ့ ....ကိုကြီးညစာစားပီးပီလား"

"စားပီးပီ ...မင်းမစားရသေးဘူးလား"

"အာ...ကျွန်တော်အပြင်မှာ စားလာပီးပီး ဒါဆို ကျွန်တော်သွားနားတော့မယ်နော်"ဆိုကာ မာန်သော် အပေါ်ထပ်ကို တက်သွားသည်။

မိုးဦး ညီဖြစ်သူရဲ့ ပုံစံကိုကြည့်ကာ စိတ်ထဲဘ၀င်မကျပေ။ခါတိုင်း အပြင်မှာ ဘယ်လောက်ဘဲ စိတ်ရှုပ်လာပါစေ အိမ်ရောက်ရင် အမြဲပျော်ရွှင်နေတဲ့ ပုံစံဖြင့်သာမြင်တွေရတဲ့ မာန်သော်ဟာ ဘယ်လိုကိစ္စတွေကြောင့် မျက်နှာမကောင်းတာလဲ ဆိုတာကို မေးချင်နေမိသည်။

"ဟူး.....ဒီကိစ္စကို ကိုကြီးကို ဘယ်လိုပြောရမလဲ စဉ်းစားစမ်း မာန်သော်လင်းရေ စဉ်းစားစမ်း"ဟု မာန်သော်အခန်းထဲရောက်တာနဲ့ လက်ထဲက လက်ဆွဲအိတ်ကို အလုပ်စားပွဲပေါ်ပစ်တင်ပီး အ၀တ်အစားတောင် မလဲနိုင်ဘဲ အိပ်ယာပေါ်သို့ ပစ်လှဲကာ စကားတွေပြောနေမိသည်။

မာန်သော် အမွှာပေါက်ကလေးတွေက သူ့တူတွေ ဖြစ်နေမှန်း သိသိချင်းအကြီးအကျယ် ရှော့ရမိသလို ၀မ်းသားမိသည်။ ထိုကလေးတွေကို မြင်မြင်ချင်း ကိုကြီးငယ်ငယ်က ပုံစံနဲ့တူသလို ပါးဖောင်းဖောင်းလေးတွေကလည်း တကယ်ကိုချစ်စရာကောင်းသည်။ ကလေးချစ်တက်သည့် မာန်သော်က အမွှာပေါက်စကလေးတွေကို ချစ်လွန်း၍ သွေးသားတော်စပ်ရင် ဘယ်လောက်ကောင်းမလဲဟု တစ်ခါတစ်ရံ စိတ်ကူးယဉ်မိသည်ထိ ဖြစ်ခဲ့ရဖူးသည်။အခုတော့ တကယ်ကို ကိုယ်နဲ့အမျိုးတော်နေမှန်း သိရတော့ ပိုပီးတော့ကို ချစ်နေမိသည်။ဒါပေမဲ့ အခုက‌လေးတွေအကြောင်းကို ကိုကြီးသိ‌ အောင်ပြောချင်‌ပေမယ့် ဘယ်ကနေဘယ်လိုစရပြောရမလဲ မသိတော့ပေ။

•••••••

ဒေါက် ဒေါက် ဒေါက် ...

"၀င်ခဲ့..."

"သူဌေး နဲ့တွေ့ချင်တဲ့ သူရှိလို့ပါ ၀င်ခွင့်တောင်းနေပါတယ်"

Accident (Season 1) (Completed)Tempat cerita menjadi hidup. Temukan sekarang