Part 3(2)(Uni)

21K 1.4K 10
                                    

"ဟင်...‌ငယ်လေး နင့်ပုံစံက ဘာဖြစ်နေတာလဲ အရင်လိုတက်တက်ကြွကြွနေစမ်းပါ ဘာလဲ မေမေက နင့်ကိုမိန်းမယူဖို့ဘဲပြောနေလို့လား"

"အားးးးမမရာ တော်ပါတော့ အဲ့မိန်းမယူရမယ့် အကြောင်းကို ဆက်မပြောနဲ့တော့ "

" ပြောတော့ နောက်တစ်ပတ်မှ ပြန်လာမယ်ဆို ဘာပြသာနာရှာလာ ပြန်ပီလဲ"

"အမလေး ငယ်လေးရယ် ငါ့ကိုပြသာနာဘဲ ရှာနေတဲ့သူလို့ထင်နေတာလား"

"ဟုတ်တယ်လေ မမကဘယ်တုန်းကများ နိုင်ငံခြားကပြန်လာရင် ပြသာနာမရှာဘဲ ဘယ်နှစ်ခါပြန်လာလို့လဲ ပီးခဲ့တဲ့တစ်ခေါက်...."

"တော်ပီ တော်ပီ ‌...."

မိုးဦးစကားကို ဆုံးအောင်ပြောခွင့်မပြုဘဲ အတင်းကာရော တားလားတဲ့ ငါးမိနစ်ကြီးတဲ့ အမကို အကြည့်စူးစူးကြည့်ပေးလိုက်သည်။

"ငယ်လေး အရင်ကအကြောင်းတွေ ပြန်တွေးမိပြန်ပီလား"

"မမ ငါအခုတလော သူ့ကိုအိမ်မက်မက်နေတယ် သူ့မျက်နှာကို ငါမမြင်ရဘူး သူကငါ့ဘေးနားမှာ ကပ်ပီးစကားတွေပြောနေခဲ့တာ ငါသူပြောတဲ့စကားတွေကို နားထောင်နေပေမယ့် မကြားရသလို ငါလည်းသူ့ကိုစကားတွေပြောချင်ပေမယ့်ပြောလို့ ပြောလို့မရဘူး ငါ ငါ..."မိုးဦး အခုတ‌လောမက်လာသည် အိမ်မက်ထဲကအ‌‌ကြောင်းအရာတွေကို ဆက်မပြောနိုင်လောက်အောင် ရင်ထဲမှာလည်း အကြောင်းပြချက်မရှိဘဲ စူးနင့်စွာ၀မ်းနည်းလာရသည်။

"သိပါပီငယ်လေးရယ် ..."ဟုပြောကာ လေညှင်းလည်း မောင်ဖြစ်သူရဲ့ ပုခုံးကို ညှင်သာစွာပုတ်ပေး၍ နှစ်သိမ့်ချင်းတာ လုပ်နိုင်သည်။

အခုလိုမျိုး ကိုယ့်ကိုအပြစ်တင်စိတ်တွေနဲ့ မောင်ငယ်လေးကို တစ်သက်လုံးမနေသွားစေချင်တာ အမှန်ပါ။‌

ထိုနေ့က အဖြစ်အပျက်ထဲတွင် မလိုလောဘကြီးတဲ့ သူရဲ့ အကွက်ကျကျစီစဉ်မှုတွေကြားထဲတွင် ဘာမှမသိဘဲ မြေစာပင်ဖြစ်သွားခဲ့တဲ့ သူကိုလည်း အမြန်ဆုံးရှာတွေ့ချင်မိတယ်....။

"‌ငယ်လေး မမပြန်တော့မယ် မေမေ့ကိုတော့ ပြန်ရောက်တဲ့အကြောင်းမပြောနဲ့အုံး အခုတော့ condoမှာဘဲ‌တစ်ပတ်လောက်အေးဆေးနေပီးမှ အိမ်ပြန်လာခဲ့မယ်"

"အင်းအင်း အေးဆေးနေ ကိစ္စရှိရင် ဖုန်းဆက်လိုက်"

"အင်း...သွားပီ ဟိုတစ်ယောက်ကိုလည်း ရှာတွေ့ပါစေ"လို့ပြောပီး ပြန်သွားတဲ့လေညှင်းကိုကြည့်ကာ မိုးဦး သက်ပြင်းသာချမိသည်။

•••••••
"ဂီး ညံ ရေ မြန်မြန်လာနော် ပါပါးနဲ့ အပြင်မလိုက်ချင်ရင် တီတီသုန်တို့နဲ့နေခဲ့ရမှာနော်"

ဆန်းသစ် နှစ်ပတ်နီးပါ ခြေထောက်ကို ပတ်တီးစည်းထားရပီ မနေ့ကမှပတ်တီးပြန်ဖြည်ရ၍ ဒီနေ့ သားပေါက်စတွေနဲ့ အတူ အိမ်အတွက် လိုအပ်တာ‌လေးတွေ ၀ယ်ရန်နှင့် သားပေါက်စတွေလည်း အပြင်မထွက်ရတာကြာပီဖြစ်၍ အပြင်သွားရန် ပြင်ဆင်နေချင်းဖြစ်သည်။အခုလည်း သားပေါက်စနှစ်ယောက်ကို အပြင်သွားဖို့အင်္ကျီလဲပေး‌နေတာကို အဆော့သန်လေးနှစ်ယောက်က အပြင်မှာအဆော့ကောင်းနေဆဲဖြစ်၍ လှမ်းခေါ်နေရသည်။

ဟောလာပါပီ သူရဲ့သားပေါက်စလေး နှစ်ယောက် သုန်သုန်အိမ်မှာ ထားခဲ့ခံရမှာဆိုး၍ ပြေးလာကြသည်။ သားနှစ်ယောက်ဟာ သူရဲ့ဂရုတစိုက် ပြုစုပျိုးထောင်ပေးထာတာကြောင့် ၀၀ကစ်ကစ်နဲ့ လုံးလုံး တစ်တစ်လေးတွေ ဖြစ်ကာ အခုလည်း ပန်ဒါ၀က်ဝံရုပ်အမွေးပွ အင်္ကျီလေး‌ဆင်တူ၀တ်ပေးထားတာကြောင့် ပန်ဒါပေါက်စကလေးတွေနဲ့ တူနေသည်။

"ပါပါးနဲ့ သားသားတို့လိုက်မှာ နေခဲ့ဘူးနော်"ဟုဂီးလေးက နှုတ်ခမ်းဆူကာ သူတို့နေခဲ့ရမည်ဆိုး၍ ဖအေကို ချွဲနေသည်။

"ပါပါး သားသားချိုစို့ချင်သေးတယ်"ဟု ညံလေးကပါ မျက်နှာငယ်လေးထပ်မံတောင်းဆိုလာပြန်သည်။

"ညံလေး ပါပါးတို့အပြင်သွားမှာကို ချိုစို့ချင်သေးတာလား"ဆိုလေတော့ အမွှာနှစ်ယောက်ဟာ ခေါင်းပြုတ်ထွက်မတက်ညိမ့်ပြလာတာကြောင့် ခဏလေးဘဲဆို့ဟုဆိုကာ နို့စို့ခိုင်းလိုရပြန်သည်။နှစ်ယောက်စလုံး နို့စို့ပီးတော့ အပြင်သွားရန် လျှပ်စစ်မီးတွေနှင့်အိမ်တံခါးတွေကို သေချာစစ်ကာသော့ခတ်ပီး Shopping Center သို့ သားပေါက်စတွေနဲ့အတူ ထွက်လာခဲ့သည်။

Note-သိမ့်ရဲ့ fictionလေးကိုကြိုက်နှစ်သက်ရင်ဖြစ်ဖြစ် လိုအပ်ချက်တွေရှိရင်ဘဲဖြစ်ဖြစ် ဝေဖန်အကြံပြုပေးပီး vote &cmtလေးပေး‌ရေးပါနော်။သိမ့်အရေးအသားထဲမှာ တခြား Author တွေနဲ့တူတာရှိရင် အားမနာစတမ်းလာပြောလို့ရပါတယ်။

🍁Theint
7.2.2022(Monday)
10:50P.M



Accident (Season 1) (Completed)Donde viven las historias. Descúbrelo ahora