"ငါတောင်းပန်တယ်နော်...ကလေးတွေကနင်ကိုယ်တိုင်မွေးထားတာဆိုတာကို တမင်ပြောတာမဟုတ်ပါဘူး"
"......."
"တကယ်ကို မတော်တဆ ပြောထွက်မိသွားတာပါ ဆန်းသစ်ရယ်"
"ဟင်းးးစိတ်မဆိုးပါဘူးသုန်သုန် ငါစဉ်းစားစရာလေးတွေရှိနေလို့ပါ"
"နောက်ပီး အခုလိုပြောမိတာကလည် သိပါစေလို့ပြောတာမှမဟုတ်တာ ငါသိပါတယ်ဟာ"
ပီးခဲ့တဲ့တစ်ပတ်က သုန်သုန် မတော်တဆ ပြောလိုက်သည့်စကားကို မာန်သော်က မည်သည့်အရာကို မသင်္ကာစရာဖြစ်နေသည်ကို မသိ အိမ်လားတိုင်း တစ်ခုမဟုတ်တစ်ခု အစ်အောက်နေချင်းကြောင့် ဆန်းသစ်အတော်ကို စိတ်ညစ်နေရသည်ကို သိသဖြင့် တောင်းပန်နေချင်းဖြစ်သည်။
ဆန်းသစ် သားပေါက်စလေးတွေနဲ့ ပတ်သက်ပီး စိုးရိမ်နေမိသည်။တစ်ချိန်ချိန်မှာ သိလာရမည့် အမှန်တရားဖြစ်သော်လည်း အခုချိန်မှာတော့ မသိစေချင်သေးပါ။တကယ်လို့သာ သားတွေအကြောင်းကို သိသွားပီး သူ့ဆီကခေါ်သွားမယ်ဆိုရင် သေသွားတာမှပို ကောင်းအုံးမည် သားတွေနဲ့ ခွဲရမည့် ခံစားချက်က စဉ်းစားကြည့်ယုံနဲ့တင် သေမတက်ခံစားရသည်။သားပေါက်စတွေဟာ သူ့အသက်ကို သေမင်းနဲ့ အလောင်းအစားလုပ်ပီး မွေးခဲ့ရသည့် ကလေးတွေဖြစ်တာကြောင့် ဘယ်နည်းနဲ့မှအဆုံးရှုံးမခံနိုင်ပါ။ဒါပေမဲ့ ကံကြမ္မာကို မယုံရဲပါ ထိုနေ့က အဖြစ်အပျက်တွေကြောင့် သားနှစ်ယောက်ကို မထိခိုက်စေချင်ပါ။
"သုန်သုန် ဘာမှစိတ်မကောင်းမဖြစ်နဲ့ အဆင်ပြေသွားမှာပါ "ဆန်သစ် သူငယ်ချင်းမလေးကို ပြန်ပီး နှစ်သိမ့်ပေးလိုက်ရသည်။
"သုန်သုန် ငါ BD groupမှာအလုပ်ဝင်လုပ်တော့မယ် "
"ဟယ် ...နင်တကယ် လုပ်မှာလား "
"အင်း ငါစဉ်းစားပီသွားပီ"
"ဒါနဲ့ နင်က အဲ့မှာလုပ်ဖို့ ဘယ်လိုဆုံးဖြတ်လိုက်တာလဲ ခါတိုင်း ငါကနင့်ကို companyတစ်ခုခုမှာ ၀င်လုပ်ပါလို့ အာပေါက်မတက် ပြောနေတာကို နင်ကဘူခံကးငြင်းနေတာ အခုကဘယ်လိုကနေ စိတ်ကူးပေါက်သွားရတာလဲ""ငါ့ကို အလုပ်ဝင်လုပ်ဖို့ အချိန်တိုင်းလာလာပြောနေတော့ အားနာလာလို့ပါ"ဟုသာပြောလိုက်ရသည်။

VOUS LISEZ
Accident (Season 1) (Completed)
Roman d'amourပထမဆုံး အရေးအသားမို့လို့ အမှားပါရင်လည်းဝေဖန်ပေးကြပါ။ ပထမဆုံး အရေးအသားမို့လို့ အမှားပါရငျလညျးဝဖေနျပေးကွပါ Started date -29.1.22( Saturday) Ending date -29.1.23(Sunday)