Part 10(Uni)

20.2K 1K 17
                                    

"သုန်သုန်....ငါပြောစရာရှိတယ်"

"ပြောလေ...နင်ဘာပြောမလို့လဲ"

ဒီနေ့ဆန်းသစ်က ပြောစရာရှိလို့အိမ်လာခဲ့ဟုဆိုတာ ထူးထူးဆန်းဆန်း ဖုန်းဆက်လာခဲ့သဖြင့် ဆိုင်မှာတောင် ကြာမနေနိုင်ဘဲ ဆန်းသစ်အိမ်ကိုအမြန်လာခဲ့ရသည်။ပုံမှန်ပြောစရာရှိရင်တောင် ကလေးတွေအိမ်ပြန်လာမှ စကားပြောတက်သည့် အမျိုးက အခုလို့ထူးထူးဆန်းဆန်းဖုန်းဆက်ခေါ်လေးမရှိပေး။

"ငါ ပြောစရာဆိုတာက ကလေးတွေအဖေနဲ့ ပတ်သက်ပီးတော့ နင်လည်းသိသင့်ပီထင်လို့ပါ"

"တကယ်တော့ ကလေးတွေရဲ့ နောက်ထပ်အဖေတစ်ယောက်က နင်သိတဲ့ ကိုမိုးဦးမုန်တိုင်းဘဲ"

"ဘယ်လို..." သုန်သုန် ဆန်းသစ်စကားကြောင့် လန့်သွားခဲ့ရသည်။ဘယ်လိုဖြစ်လို့ အမွှာကလေးတွေက ကိုမိုးဦးရဲ့ကလေးတွေ ဖြစ်ရတာလဲ။ဆန်းသစ်ပြောသလို့ ကလေးတွေက ကိုမိုးဦးသားတွေဆိုရင်.....

သုန်သုန်မစဉ်းစားနိုင်တော့ပေ။ မည်သည့်အရာတွေကနေ မှားယွင်းခဲ့တယ်ဆိုတာ ဆန်းသစ်ရဲ့စကားတွေကိုသာနားထောင်မှသာ သိနိုင်တော့မည်။ဒီတလော ကလေးတွေရဲ့ အဖေနဲ့ပတ်သတ်ပီး မေးသမျှကို အမြဲစကားလမ်းကြောင်းလွှဲနေသူက ဘယ်ကန်ေလိုစိတ်ကူးပေါက်ပီး ဖွင့်ပြောလာတာလဲဆိုတာမသိနိုင်တော့ပေ။

ဆန်းသစ်ညက အိမ်မက်မက်ခဲ့သည့်အကြောင်းအရာကြောင့် သုန်သုန့်ကို ပြောပြရန်စဉ်းစားမိပီး ကလေးတွေရဲ့ကြောင်းသာ ကိုမိုးဦးသိသွားခဲ့ရင် အိမ်မက်ထဲကလို ခေါ်ထုတ်သွားမည်ကို စိုးရိမ်မိသည်။ထို့ကြောင့် သုန်သုန့်ကိုပြောပီး အတက်နိုင်ဆုံး ကိုမိုးဦးနဲ့ အဝေးဆုံးဖြစ်တဲ့ နေရာတစ်ခုကို သားတွေနဲ့ထွက်သွားရန် သာတွေးမိသည်။သားတွေကို သူ့ရင်ခွင်ထဲက မည်သူတစ်ဦးတစ်ယောက်မှ ဆွဲခေါ်သွားခွင့်ပြုမည် မဟုတ်ပေ။သားတွေသည်သာ သူ့အသက်ဖြစ်တာကြောင့် သားတွေကို အလုံခြုဆုံးနေရာ၌သာ ဖွက်ထားလိုသည်။

"သုန်သုန် နင်လန့်သွားမယ်မှန်းသိပါတယ် ဒါပေမဲ့ နင်သိသင့်ပီထင်လို့ပြောပြတာပါဟာ"

ဆန်းသစ်မျက်နှာငယ်လေးဖြင့် စကားတွေပြောပြန်တော့လည်း သုန်သုန်စိတ်မကောင်းပေ။ဘယ်လိုကံကြမ္မာဆိုးတွေက သူမရဲ့ သူငယ်ချင်းဆီကိုဘဲကြရောက်နေရတာလဲ...။

Accident (Season 1) (Completed)Opowieści tętniące życiem. Odkryj je teraz