ဆန်းသစ် ဒီနေ့အတွက် သိပ်ကိုပင်ပန်းနေပြီ ဖြစ်သည်။ သူ့အတွက်ဘယ်တော့မှ ပြန်မတွေ့ချင်တဲ့သူက အခုသူ့ရှေ့ကို တဖန်ပြန်ရောက်လာပြန်သည်။
အချိန်အားဖြင့် နေ့လည်၁၂နာရီ ရှိနေပြီဖြစ်သော်လည်း အစားစာချင်စိတ်မရှိတာကြောင့် ခဏတစ်ဖြုတ် အိပ်ရန်သာ အခန်းထဲသို့ ၀င်လာလိုက်သည်။ သူမအိပ်သေးခင်မှာ ဒီနေ့ညနေပိုင်း အလုပ်ကို မလာနိုင်တော့ကြောင်းကိုခွင့်တိုင်ပြီး ဆိုင်ကအပြန် သားနှစ်ယောက်ကို မူကြိုကနေခေါ်လာပေးရန် သုန်သုန့်ကိုဖုန်းဆက်ပြီး လှမ်းပြောလိုက်သည်။ ထိုနောက်မှာတော့ ဆရာ၀န်ပေးလိုက်တဲ့ ဆေးကိုသောက်ပြီး အိပ်လိုက်သည်။
At 2:30 pm
"ပါပါးရေ သားသားတို့ ပြန်လာပြီ"
ကျောင်းကနေပြန်လာတာကို ဖအေသိအောင် အော်ပြီး အိမ်ထဲ ပြေး၀င်လာတဲ့ သားတော်မောင်တွေကြောင့် ချော်လဲမှာဆိုး၍ စိတ်ပူရပြန်သည်။
"ဂီးနဲ့ညံရေ မပြေးရဘူလေ"
"ချော်လဲမယ် ဖြေးဖြေးလာ"
"ပါပါးက ဘယ်မှထွက်မပြေးဘူး"
"ပါပါး ထောက်ထောက်မှာ နာနာဖြစ်နေတာလားဟင်"
ဂီးလေးက သူ့ပါပါးခြေထောက်က ပတ်တီးစည်းထားတာကိုမြင်လိုက်တာကြောင့် မေးလာခြင်းဖြစ်သည်။
"ဟုတ်တယ် သားသား "
"ပါပါးခြေထောက်မှာ နာနာဖြစ်နေတာ "
"အရမ်းနာတာဘဲ"
ဆန်းသစ်မျက်နှာငယ်လေးနဲ့ သားကို အနာနေတဲ့ပုံစံလုပ်လိုက်ပြလိုက်သည်။
သားနှစ်ယောက်စလုံးက သူတို့ပါပါးခြေထောက်နာနေတာကို စိတ်မကောင်းဖြစ်နေတဲ့မျက်လုံးလေးတွေနဲ့ ပတ်တီးစည်းထားတဲ့ခြေထောက်ကို ညိုးငယ်စွာ ကြည့်နေကြသည်။
ခြေထောက်နာနေတဲ့ကြားကနေ သားတွေရဲ့ကို ဖအေအပေါ်ကို ချစ်တက်မှုကို သိရပြန်တော့လည်း အချစ်ပိုရပြန်သည်။သားနှစ်ယောက်စလုံးက သူ့ပါပါးကို အရမ်းသိတက်သည့် ကလေးတွေ ဖြစ်၍ ယခုလည်း သူ့ပါးပါးခြေထောက်နာတယ်ဆိုတာကြောင့် ပါးဖောင်းဖောင်းလေးတွေက ငိုမဲ့မဲ့လေးတွေ ဖြစ်နေကြသည်။
ŞİMDİ OKUDUĞUN
Accident (Season 1) (Completed)
Romantizmပထမဆုံး အရေးအသားမို့လို့ အမှားပါရင်လည်းဝေဖန်ပေးကြပါ။ ပထမဆုံး အရေးအသားမို့လို့ အမှားပါရငျလညျးဝဖေနျပေးကွပါ Started date -29.1.22( Saturday) Ending date -29.1.23(Sunday)