Part 20(Zawgyi)

4.4K 87 0
                                    

"ဦးမိုးဦးမုန်တိုင်း အဲ့မှာဘာရပ်လုပ်နေတာလဲ ကိုယ့်အခန်းကိုယ်ပြန် "

"အချစ်ရယ်....ကိုယ်ဘာမှားလို့လဲ"

"အဲ့မျက်နှာကိုပြင်လိုက် ခင်ဗျားနောက်ကိုလိုက်လည်း မလိုက်ဘူး "ဆိုကာ သားတွေနဲ့အတူ အိပ်ဖို့ပြင်နေသည့် ဆန်းသစ်ကို ဘယ်လိုချော့ရမလဲမသိတော့ပေ။

အရင်နဲ့မတူဘဲ အခုတလောစိတ်ဆိုးစိတ်ကောက်လွယ်နေသည့်ကောင်လေးကြောင့် မိုးဦးဘာလုပ်လို့ဘာကိုင်ရမှန်းမသိ‌ပေ။တစ်နေ့ထက်တစ်နေ့ မိန်းကလေး‌လိုလှလာသည့်ကောင်လေးဟာ သူ့အပေါ်ကိုလည်းမဆိုသလောလေးဆိုးလာသည်။

သားတွေဟာလည်း အသက်ငါးနှစ်ပြည့်ပြီးပြီဖြစ်သလို သိပ်မကြာခင်မှာ ကျောင်းတက်ရတော့မှာဖြစ်ပေမယ့် ယခုချိန်ထိသူတို့ပါပါးရဲ့ နို့ကိုမပြတ်သေးပေ။အခန်းခွဲသိပ်ထားတာတောင် ရရင်ရသလိုနို့စို့‌တက်ကျသည့်အတွက် မိုးဦးမှာသားတွေနဲ့ ဆန်းကြားမှာလူဆိုးကြီးလုပ်ရသေးသည်။

အခုဆို ဆန်းဟာလည်း မင်္ဂလာပွဲအတွက် လိုအပ်သည်များကိုပြင်ဆင်နေရသဖြင့် ပင်ပန်းနေမည်ကိုသိသော်လည်း မိုးဦးမှာလည်း ရှင်းရမည့်ကိစ္စတွေပေါ်လာသဖြင့် ဆန်းကိုဂရုမစိုက်နိုင်ဘဲ ပြစ်ထားမိသလိုဖြစ်နေခဲ့သည်ကြောင့် ဆန်းရဲ့စိတ်ဆိုးခြင်းကိုခံနေရသည်။

"ကိုယ့်အချစ်ရယ် စိတ်မကောက်ပါနဲ့ကွာ ကိုယ်အလုပ်တွေများနေလို့ပါ နောက်ဆိုကိုယ်အိမ်ပြန်နောက်မကျတော့ပါဘူး ...."ဆိုကာ ကလေးနှစ်ယောက်ကြားထဲအပီအပြင်အိပ်ဖို့ ပြင်နေသည့်ကောင်လေးကို မျက်နှာငယ်လေးနဲ့ ချော့နေရပြန်သည်။

"ဟွန့်...ဘာမှမကြားချင်ဘူး ကိုယ့်အခန်းကိုယ်ပြန်အိပ် ကျွန်တော်က သားပေါက်စတွေနဲ့ဘဲအတူတူအိပ်မှာ "
ဆိုကာ သားနှစ်ယောက်ကိုပွေ့ဖက်ကအိပ်ယာပေါ်သို့လှဲချသည့် ဆန်းကြောင့် မိုးဦးမှာလည်း အိပ်ယာဘေးမှာ မျက်နှာငယ်လေးလဲမက်တက်ရပ်ကာ ကြည့်နေလိုက်သည်။

"အချစ်ရေ သားနှစ်ယောက်အတွက်ထားထားတဲ့ အိပ်ယာမှာ အချစ်က၀င်အိပ်နေတော့ သားတွေဘယ်လိုလုပ်အိပ်လို့ အဆင်ပြေပါ့မလဲ လာပါကွာ "

Accident (Season 1) (Completed)Donde viven las historias. Descúbrelo ahora