"ကိုကြီး အိမ်အတွက်လိုအပ်တာတွေ သွား၀ယ်မလို့ ဘာမှာအုံးမလဲ"
ဒီနေ့ရုံးပိတ်ရက်ဖြစ်တာကြောင့် မာန်သော် အိမ်အတွက်လိုအပ်တာတွေကို ၀ယ်ရန်ကိုကြီးကို မေးနေခြင်းဖြစ်သည်။
"ငါလည်း လိုက်ခဲ့မယ် ခဏစောင့်နေ အ၀တ်သွားလဲလိုက်အုံးမယ်"
"ဟုတ်ကဲ့...ဗျာ!"
ကျွန်တော် နားကြားတာ မှားနေသလားလို့ ဘယ်တော့မဆို ရုံးပိတ်ရက်တိုင်း အလုပ်ကိစ္စကလွဲရင် အိမ်ထဲကအိမ်ပြင်မထွက်တဲ့ သူကအပြင်လိုက်ခဲ့မယ်တဲ့လေ...
အခုတလောလည်းတမှိုင်တတွေတွေနဲ့ ရည်စားပူနေတဲ့အတိုင်း ရည်းစားပူမိရအောင်လည်း မိန်းကလေးဆို ဘယ်မိန်းကလေးကိုမှလည်း စိတ်မ၀င်စားတဲ့ကိုကြီးကြောင့် စဉ်းစားရခက်နေပီ။အခုလည်း shopping centerကိုလိုက်မယ် ဆိုပီ အင်္ကျီလဲနေတာ နာရီ၀က်လောက်ရှိနေပီ။
"ကိုကြီးရေ မြန်မြန်လုပ်ဗျ မိန်းကလေးလည်းမဟုတ်ဘဲနဲ့ ပြင်ဆင်နေတာ ကြာလှပီ" ဟုစိတ်ပေါက်ပေါက်နဲ့အပေါ် ထပ်ကိုလှမ်းအော်ပြောလေတော့ အခန်းထဲကနေကမန်းကတမ်းထွက်လာပီ လှေကားကဆင်းနေရင်း အင်္ကျီကြယ်သီးတွေကို ဖရိုဖရဲတက်ကာ ထွက်လာတဲ့ ကိုကြီးကြောင့် စိတ်လေရပြန်သည်။
"သွားမယ်လေ ဘာကြောင်ကြည့်နေတာလဲ နောက်ကျနေပီ"
"ကိုကြီးရဲ့ ကြယ်သီးတွေကို ကြည့်လိုက်အုံး"ဆိုကာမှ သူရဲ့ပေါက်တက်ကရ တက်ထားတဲ့ကြယ်သီးတွေကို ပြန်ပြင်တက်ကာ ကားပေါ်ကိုအရင်တက်သွားတဲ့ကိုကြီးပါလေ ဒါတောင် နောက်ကျနေပီတဲ့ သူကပြောရတယ်ရှိသေးသည်။
•••••••
Shopping Center..."သားပေါက်စတွေ မပြေးရဘူးနော် ချော်လဲမယ် ပါပါးလက်ကိုလာဆွဲ "
Shopping Centerကို မရောက်တာ ကြာပီဖြစ်တဲ့ သားပေါက်စနှစ်ယောက်ဟာ အပျော်ကြီးကိုပျော်နေကြသည်။အခုလည်း Centerထဲတွင် ပတ်ပြေးနေချင်းကြောင့် အနောက်ကနေလိုက်ရပြန်သည်။
အကွေ့နားတစ်ခုအရောက်တွင်...
ဗုန်း
အ့
အူဝါးးးးးး
"ဟာ...ဟိတ်ကလေးတွေ တိတ်တိတ်နော် ဘယ်နားနာသွားသေလဲ ပြကြည့်ဦးဦးကို"

YOU ARE READING
Accident (Season 1) (Completed)
Romanceပထမဆုံး အရေးအသားမို့လို့ အမှားပါရင်လည်းဝေဖန်ပေးကြပါ။ ပထမဆုံး အရေးအသားမို့လို့ အမှားပါရငျလညျးဝဖေနျပေးကွပါ Started date -29.1.22( Saturday) Ending date -29.1.23(Sunday)