Part 11 (Uni)

21.6K 1K 12
                                    

"ကိုယ့်မှာ ဘာမှပြောစရာတောင်မရှိတော့ဘူး ဆန်း ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကြောင့် မင်းဒုက္ခရောက်ခဲ့ရတဲ့အတွက် ကိုယ်တကယ်တောင်းပန်ပါတယ် "

မိုးဦး ဆန်းသစ်ကို အထပ်ထပ်ခါခါ တောင်းပန်စကားသာ ဆိုနေမိသည်။အခုလိုတောင်းပန်လိုက်လို့ အရာရာဟာ အရင်အတိုင်းဖြစ်လာမှာ မဟုတ်မှန်းသိပေမယ့် အခုချိန်မှာတော့ တောင်ပန်းတယ်ဆိုတာသာ ပြောနိုင်တော့သည်။

ဒေါ်မိုးသက် သားဖြစ်သူကိုကြည့်ကာ စိတ်မကောင်းဖြစ်မိသည်။သားငယ် သဘောကျတဲ့သူမှာ ယောင်္ကျားလေးတစ်ယောက်ဖြစ်နေတာကို အစကလက်မခံချင်ပေမယ့် သားငယ်ရဲ့ သွေးသားလေးတွေကိုပါ အသက်စွန့်ပီး မွေးပေးခဲ့သူတစ်‌ယောက်ပါ ဖြစ်နေခဲ့သေးသည်။ မိခင်တစ်ယောက်အနေနဲ့ သားငယ်ကို မိန်းကလေးတစ်ယောက်နဲ့သာ လက်ထပ်‌စေချင်ပေမယ့် ဖူးစားဆုံဖို့ရှိလျှင် ဘယ်နည်းနဲ့မှရှောင်လွှဲလို့မရနိုင်ပေ။ လောကကြီးရဲ့ရိုက်နှက်မှုတွေကြားက သားငယ်ဘက်နေမားမားမက်မက်ရပ်တည်ပေးဖို့သာ ဆုံးဖြတ်ချမိသည်။ယခုအခါ ကောင်လေးကို တွေ့လိုက်ရသည့်အခါမှာလည်း သူမစိတ်ထဲတွင် သူ့သားတစ်ယောက် ထပ်ရလိုက်သလိုသာ မှတ်ယူမိသည်။အခုလို ရုတ်တရက်လိုက်လာလို့ လန့်သွားမယ်မှန်းသိပေမယ့် မိန်းကလေးတွေအတွက်တောင် အန္တရယ်များလွန်းသည့် ကိုယ်၀န်ဆောင်ချင်းအမှုကို ထိုကလေးက ယောင်္ကျားလေးတန်မဲ့ ကိုယ်၀န်ဆောင်ကာ ချစ်စရာကောင်းလွန်းမြေးလေးတွေကို မွေးပေးခဲ့သည်တဲ့ ။ထိုကောင်လေးရဲ့အကြောင်းကို စုံစမ်းတုန်းကတစ်စိတ်တစ်ဒေသသာ သိခဲ့ရတဲ့အတွက် အထင်လွဲမိ‌သည်များကိုလည်း တောင်းပန်ချင်မိသည်။

"သား အန်တီတို့သားကိုတောင်းပန်ပါတယ် နောက်ပီးသားကို အန်တီတို့ရဲ့ မိသားစု၀င်အဖြစ် သတ်မှတ်ချင်တယ် "

မိုးဦး‌ မေမေ့စကားကြောင့် အံဩသွားရသလို ပျော်လည်းပျော်မိသည်။ဒါပေမဲ့ အခုတော့ထိုအပျော်တွေကို ထိန်းသိမ်းရပေအုံးမည်။ဆန်းရဲ့ အခြေအနေအရ အခုချိန်မှာ လန့်သွားနိုင်တာကို သိပေမယ့် ဆန်းကို ကိုယ့်အပိုင်အဖြစ် အပိုင်မသိမ်းခင်မှာဘဲ မေမေက မိသာစု၀င်အဖြစ်ပါတစ်ခါ သတ်မှတ်ပေးချင်းကြောင်းပြောလာတာကြောင့် အတိုင်းမသိစိတ်ထဲမှာ ပျော်ရွှင်ရသည်။

Accident (Season 1) (Completed)Where stories live. Discover now