"ကိုကြီး...ဟိုလေ ...ဟိုလေ..."
"မာန်သော်ဘာဖြစ်နေတာလဲ....ပြောစရာရှိတာ မြန်မြန်ပြော ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့"
"ကိုတည်စေက အပီးပြန်လာပီတဲ့ မြန်မာပြည်မှာဘဲ အခြေချတော့မယ်တဲ့..."
"အင်း..."
"ဟိုကိုကြီး...ဘာမှမဖြစ်ဘူးလား..."
"မာန်သော် ပြီးပြီးသားကိစ္စတွေကို နောက်တစ်ခါထပ်ပီး မဆွခြင်ဘူး အစကတည်းက ဒီကိစ္စတွေမှာ အဖြေမရှိခဲ့တာမဟုတ်ဘူး အဖြေရှိတယ် ထုတ်ပြလို့မရခဲ့တာဘဲရှိတယ် ထုတ်ပြရင်တောင် မယုံကြည်မယ့်သူကို ဘယ်လိုနား၀င်အောင်ပြောမလဲ..."
"အဲ့တာတော့ဟုတ်ပါတယ် ကိုကြီး ဒါပေမဲ့ ကိုတည်စေက အခုချိန်ထိငြိမ်နေတာ တစ်ခုခုများသူကြံစည်နေတာလားမသိဘူး"
"ဟင်း...."မိုးဦးသက်ပြင်းအရှည်ကြီးသာ ချမိသည်။
"သူသာ ဆန်းတို့ကို ဘာမှမလုပ်ဖို့ဘဲ မျှော်လင့်တယ်"
"မာန်သော် ဆန်းတို့ရဲ့နောက်မှာ ထားထားတဲ့သူတွေကို ထပ်ဖြည့်ထားလိုက်..."
"ဟုတ်ကဲ့..."
မိုးဦး အခုတလော တည်စေပြန်ရောက်နေတာကို သိတာကြောင့် စိတ်ရှုပ်နေရသည်။အဖေတူမေကွဲ အကိုရဲ့ လုပ်ကြံမှုကြောင့် လွန်ခဲ့သည့်ငါးနှစ်က အရှက်တကွဲအကျိုးနည်း ဖြစ်ရန် အနည်းငယ်သာလိုခဲ့ရသည်။သို့ပေမယ့် အဲ့ဒီကိစ္စကြောင့် ဆန်းနှင့်ဆုံခဲ့ရသည့်အတွက်လည်း အနည်းငယ်တော့ ကျေးဇူးတင်မိသေးသည်။
•••••••
Car Parking...."ချာတိတ်...."
မာန်သော် ကိုကြီးခိုင်းထားသည့် အလုပ်တစ်ခုကြောင့် အပြင်သွားရန် ကားပါကင်သို့ သွားနေစဉ် သူ့ကိုအနောက်ကနေ လှမ်းခေါ်လိုက်သည့်အသံကြောင့် လှည့်ကြည့်လိုက်ရာ...
"ဟင်း....ကိုစိုင်း ဒီကိုဘာကိစ္စရှိလို့လဲ..."
"ကိုယ် ချာတိတ်ကို ပြောစရာရှိလို့...."
"ကျွန်တော်မအား..." ဆိုကာ ငြင်းမည် အပြု စည်သူစကား ဖြတ်ပြောလာတာကြောင့် ဘာမှဆက်မပြောဘဲ နားထောင်လိုက်သည်။
YOU ARE READING
Accident (Season 1) (Completed)
Romanceပထမဆုံး အရေးအသားမို့လို့ အမှားပါရင်လည်းဝေဖန်ပေးကြပါ။ ပထမဆုံး အရေးအသားမို့လို့ အမှားပါရငျလညျးဝဖေနျပေးကွပါ Started date -29.1.22( Saturday) Ending date -29.1.23(Sunday)