Part 6(Uni)

24.9K 1.3K 8
                                    


"ကိုကြီး ဒီမှာ ကျွန်တော်စုံစမ်းရသလောက် အချက်အလတ်တွေ နောက်ပီး ဟိုလူပြန်ရောက်နေတယ်တဲ့ "

"သူ့ကို စောင့်ကြည့်ဖို့ အတွက်လူလွှတ်ထားလိုက်"

"ဟုတ်ကဲ့"

မိုးဦး တကယ်ကို စိတ်ရှုပ်နေမိသည်။လွန်ခဲ့တဲ့ ငါးနှစ်က ဒုက္ခပေးခဲ့တာကို အားမရလို့အခုတစ်ခါပြန်လာပီး နောက်ထပ်ကြိမ်ထပ်ပီ ဒုက္ခပေးဖို့ပြန်လာတဲ့ လူကိုတကယ် စိတ်ပျက်နေမိသည်။ လိုချင်သမျှကို အကုန်ပေးလိုက်ပီ ဖြစ်သော်လည်း အခုထိမတင်းတိမ်နိုင်သော လောဘတရားတွေဟာ တကယ်ကို ကြောက်ဖို့ကောင်းလှသည်။

"ကိုကြီး အခုစုံစမ်းရသလောက် အဲ့ barက ကိုကြီးပြသာနာဖြစ်ပီး တစ်လအကြာမှာဘဲ ဆေးမှုနဲ့ ပိတ်သိမ်းခံလိုက်ရတာ အဲ့ကဆိုင်ရှင်လည်း အကြောင်းအရင်းမရှိဘဲ သေသွားတယ်တဲ့ တစ်ချို့ကတော့ အကြွေးရှင်တွေက အကြွေးမပေးလို့သတ်တာလို့လည်းပြောကြတယ် တစ်ချို့ကလည်း ကိုယ့်ကိုယ်ကို သတ်သေတာလို့လည်းပြောကြတယ်"

"အင်း...."

"ကိုကြီး အခုထိဆက်ပီးစုံစမ်း နေအုံးမှာလား ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ အဲ့ barက ကြိုးစက ပျက်နေပီ ဘယ်လိုဆက်လုပ်ကြမလဲ"

မာန်သော်ကို ကိုကြီးကိုကြည့်ပီးသနားလာသည်။လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက အခုချိန်ထိ တစ်ရက်မပျက် ရှာနေခဲ့ရသည် လူကိုလည်း ချီးကျုးမိသည်။

"ကိုကြီး တစ်နေကုန်လည်း အလုပ်ပင်ပန်းလာတာ နားလိုက်ပါအုံး"

"အင်း...မာန်သော် ခဏ...."

"ငါ့ရုံးခန်းထဲမှာ စာပွဲခုံတစ်ခုံနဲ့ ထိုင်ခုံတစ်လုံး ထည့်ထားလိုက်"

"ဟုတ်ကိုကြီး ကျွန်တော်မနက်ကြရင် ထည့်ခိုင်းလိုက်မယ် ဒါနဲ့ ကျွန်တော့ပစ္စည်းတွေကောထည့်ထား ရမှာလား"

"မင်းပစ္စည်းတွေက ဘာလုပ်ဖို့ထည့်ထားရမှာလဲ"

"ဟင် ကိုကြီး ရုံးခန်းထဲ စာပွဲထပ်ထည့်တာ ကျွန်တော့ကို ရုံးခန်းထဲခေါ်ထားဖို့မဟုတ်ဘူးလား"

"မင်းအတွက် မဟုတ်ဘူး ငါ့ရဲ့ဆန်းလေးအတွက် မကြာခင်သူက ငါ့ရုံးမှာ အလုပ်၀င်လာမှာမို့လို့ ငါ့နားခေါ်ထားမှာ"

Accident (Season 1) (Completed)Tempat cerita menjadi hidup. Temukan sekarang