"အအေးလေးသောက်ပါအုံး...အမမာရီယာ"
"ကျေးဇူးမောင်လေး..."
"အခုမှဘဲ ရင်ထဲအမောပြေသွားတော့တယ်..."
"ဒါနဲ့ ဘာကိစ္စရှိလို့လဲ "
"ကဲ....ရောဖိတ်စာ "
"သားသားနှစ်ယောက်စလုံးကို ပန်းကျဲမယ့်အထဲခေါ်ချင်တယ်..."
ဆန်းသစ် သူ့လက်ထဲထည့်လာသည့် ရွှေရောင်ဖောင်းကြွစာလုံးလေးတွေ ရေးထိုးထားသည့် မင်္ဂလာဖိတ်စာကြောင့် အံ့ဩသွားရသည်။ဒါ့အပြင် သားနှစ်ယောက်ကိုပါ မင်္ဂလာပန်းကျဲအဖြစ် ခေါ်ချင်တယ်လို့ ပြောလာတဲ့ အမမာရီယာကြောင့် ပိုပြီးအံဩသွားရသည်။
အမမာရီယာနဲ့ ကိုကိုးရုံးခန်းထဲမှာ ပြသာနာဖြစ်ပြီးတဲ့နောက် သူမအဖေကိုယ်တိုင် အိမ်အထိလာတောင်ပန်းခဲ့သည်။သူမကိုယ်တိုင်ကလည်း ဆန်းသစ်ကို တောင်းပန်ခဲ့သည်။ထိုအချိန်တုန်းက သူမဟာအမြင်ကျဉ်းခဲ့ကြောင်း ၀န်ခံခဲ့သည်။အခုတော့ သူမကိုမြတ်နိုးတဲ့သူနဲ့ လက်ထပ်တော့မည်။
"ဆန်းသစ်ရဲ့ သမီးလေးတွေကော..."
"ကူကူးနဲ့ဂူဂူးက သူတို့ကကြီးကြီးမေသစ်နဲ့ အခန်းထဲမှာ အိပ်နေတယ်..."
"ကိုမိုးဦးတို့က မထင်ရလောက်အောင် အစွမ်းထက်တယ်နော်..."
မမာရီယာက ဆန်းသစ်ဗိုက်ပူပူလေးကို မျက်စပစ်ပြလာတာကြောင့် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
"ဘာလေးမှန်းသိပြီလား..."
"သိနေပြီ နောက်လကျရင် မင်္ဂလာနှစ်ပတ်လည်နေ့နဲ့ Baby gender reveal ပွဲလေးလုပ်ဖို့ စီစဉ်ထားတယ်..."
"အဲ့တာကြောင့် Ultrasound ရိုက်ထားတာတွေကို ကိုစည်သူတို့က သိမ်းပေးထားတယ်..."
"အမမာရီယာကို တစ်ခါတည်းဖိတ်လိုက်မယ်..."
"အမလည်း သေချာလာခဲ့ပါမယ်..."
"ဒါနဲ့ ကိုမိုးဦးကိုလည်း ဂရုစိုက်အုံးနော် အခုတလော မေမဒီနဲ့ တွဲတွေ့နေရလို့..."
မာရီယာစကားကြောင့် ဆန်းသစ်အနည်းငယ်စိုးရိမ်သွားသည်။အခုတလော ကိုကိုးဆီကရေမွှေးအနံ့ခပ်စူးစူးကို ရနေတက်တာကြောင့် ကိုကိုးကိုမေးသော်လည်း ဘာမှမဟုတ်ကြောင်းသာ ပြန်ပြောလာသည်ကို သတိထားမိသွားသည်။
STAI LEGGENDO
Accident (Season 1) (Completed)
Storie d'amoreပထမဆုံး အရေးအသားမို့လို့ အမှားပါရင်လည်းဝေဖန်ပေးကြပါ။ ပထမဆုံး အရေးအသားမို့လို့ အမှားပါရငျလညျးဝဖေနျပေးကွပါ Started date -29.1.22( Saturday) Ending date -29.1.23(Sunday)