သားကြီး အခုချိန်ဘာတွေများလုပ်နေပါလိမ့် သားအပေါ်ထားတဲ့ အမေ့ရဲ့မေတ္တာတွေကို သားကြီးမြင်လာအောင် အမေဘာတွေလုပ်ပေးရမလဲသားရယ်.....
အမေ့ဝမ်းထဲက မွေးခဲ့တဲ့သား မဟုတ်ပေမဲ့ အမေ့လက်နဲ့စောင့်ရှောက်ခဲ့ရတဲ့ ကလေးလေးရယ်....
အငြိုးတွေကြီးလိုက်တာသားရယ်.....
အမေ့ရှေ့ကို သားပြန်လာဖို့မျှော်လင့်နေမိသေးတယ်ကွယ်.....
ဒေါ်မိုးသက် မိုးဦးတို့ငယ်စဉ်ကပုံတွေကိုရိုက်ထားတဲ့ ဓာတ်ပုံAlbumကိုကြည့်ပြီး တစ်ယောက်ထဲစကားတွေပြောကာ ငိုနေခဲ့သည်။
ဒေါက်...ဒေါက်....
"အန်တီမိုး...ညစာစားလို့ရပြီတဲ့...."
"ဟုတ်ပြီ ဖိုးသားရေ အန်တီလာခဲ့မယ်နော်"
ဒေါ်မိုးသက် Album ကိုဘီဒိုထဲထည့်သိမ်းပြီး မျက်ရည်များကိုအသာအယာသုတ်ကာ အိပ်ခန်းထဲကနေ ထွက်လာခဲ့သည်။
"ဖွားဖွား ဒီနေ့တီတီလေးက ကိုကိုနဲ့မုန့်တွေ အားကြီးထည့်ပေးပါလိုက်တယ်"
ဒေါ် မိုးသက် ထမင်းစားဝိုင်မှာဝင်ထိုင်ချိန်တွင် မြေးပေါက်စနှစ်ယောက်ရဲ့ တီတီတာတာစကားသံလေးကြောင့် စိတ်ထဲက၀မ်းနည်းမှုတွေက ပြေပျောက်လာခဲ့သည်။
"ဟုတ်လား ဖွားမြေးလေးတွေက ပျော်နေတာပေါ့"
"ဟီးဟီး..."
"သားပေါက်စတွေ ညစာစားတော့မယ် စကားမများရတော့ဘူး ပါပါးခွံ့ကျွေးမယ်နော်"
သားတွေကို ညစာခွံ့ကျွေးမယ်ဆိုတာနဲ့ သားတွေရဲ့ထမင်းပန်းကန်ကို လာလုတာကတော့ မိုးဦးမုန်တိုင်းပေ။
"ချစ်မခွံ့ကျွေးရပါဘူး ကိုယ့်ဘာသာ ထမင်စားတက်အောင်ကလေးတွေကို လွှတ်ထားပေးလိုက်ပါ" ဆိုကာ သားတွေရဲ့ ထမင်းပန်းကန်တွေထဲ သားတွေအကြိုက် ကြက်သားကုန်းဘောင်ကြီးကြော်တွေထည့်ပေးကာ ပြောလာခဲ့သည်။
"ပါပါး သားသားတို့က ကလေးမဟုတ်တော့ပါဝူးနော် ကိုယ့်ဘာသာဘဲစားမှာ ဖေဖေကပြောတယ် သားသားတို့ကလူကြီးလေးတွေဖြစ်နေပီတဲ့ "ဆိုကာ တစ်ချက်တစ်ချက် စကားသိပ်မပီချင်သေးတဲ့ ညံလေးကပြောလာခဲ့သလို ညီလေးပြောသမျှ ကိုကိုကထောက်ခံတယ်ဆိုတယ် သဘောနဲ့ ညံပြောသမျှကို ခေါင်းညိတ်ထောက်ခံနေတဲ့ ဂီးကိုကြည့်ကာ ဆန်းသစ်ကလေးတွေ ထမင်စားလို့အဆင်ပြေအောင်သာ ပြင်ပေးရတော့သည်။
YOU ARE READING
Accident (Season 1) (Completed)
Romanceပထမဆုံး အရေးအသားမို့လို့ အမှားပါရင်လည်းဝေဖန်ပေးကြပါ။ ပထမဆုံး အရေးအသားမို့လို့ အမှားပါရငျလညျးဝဖေနျပေးကွပါ Started date -29.1.22( Saturday) Ending date -29.1.23(Sunday)