Part 5(Uni)

21.7K 1.3K 3
                                    

မိုးဦး ပန်ဒါပေါက်စနှစ်ယောက်ကို လက်ဆွဲပီး ကိတ်မုန့်ဆိုင်တစ်ခုကို ခေါ်သွားခဲ့သည်။

"ပန်ဒါပေါက်စကလေးတွေ ဘာစားချင်လဲ လာဦးဦးချီပြမယ်"ဟုဆိုကာ မိုးဦးကလေးနှစ်ယောက်ကို ချီကာ ကိတ်မုန့်တွေ ထားတဲ့ မှန်ကောင်တာဘက်ကို လျှောက်သွားလိုက်သည်။

"ဦးဦး ဒါစားချင်တယ်"ဟုဆိုကာ ညံလေးက ဒူရင်းသီးကိတ်ကို လက်ညိုးညွှန်ပြလာသလို ဂီလေးကလည်း ထိုနည်းလည်းကောင်း ဒူးရင်သီးကိတ်ကို သာလက်ညိုးညွှန်ပြလာ သဖြင့် မိုးဦးအံအားသင့်သွာရသည်။ပုံမှန်ကလေး အများစုက ဒူရင်းသီးမပြောနှင့် ဒူးရင်းသီးနှင့် ပြုလုပ်ထားသည့် မုန့်ကိုတောင်မကြိုက်ကြပေ။ဒူရင်းသီးကိတ်ကို သာစားချင်သည့် ကလေးပေါက်စနှစ်ယောက်ကို မိုးဦးပို၍ သဘောကျမိသည်။အဘယ်ကြောင့်ဆို မိုးဦးလည်း ဒူးရင်သီးကိတ်ကို ကြိုက်သောကြောင့် သူနှင့်အကြိုက်ချင်းတူသည့် ကလေးပေါက်စနှစ်ယောက်ကို မသိမသာ ချစ်နေမိသည်။

"သားပေါက်စတွေ ဒူးရင်းသီးကိတ်တွေ အများကြီးမစားရဘူး နော် အပူတွေကန်လာမယ်"ဟုဆိုလေတော့ ဆူပုတ်ပုတ်ဖြစ်သွားသည်မှာ အ‌မွှာပေါက်စ နှစ်‌ယောက်ပင်ဖြစ်သည်။

"ကလေးဘဲ သူကြိုက်တာ စားပါစေကွာ"

"ခင်ဗျား ဘာမှမသိဘဲလာမပြောနဲ့ ဒူရင်းသီးက အပူကန်တယ် ကလေးတွေအတွက် အများကြီးစားရင်မကောင်းဘူး "

"ခင်ဗျာ ဘာသာစားချင်စားမစားချင်နေ"ဟု ဆန်းသစ်ပိတ်ဟောက်လိုက်ခါမှ ပါးစပ်ပိတ်ကာ ကိတ်ကို ပြန်စားနေသည့် မိုးဦးကို မာန်သော်လင်း ဒုတိယံပိ အံအားသင့်ရပြန်သည်။

"အာ....ဒါနဲ့ ကျွန်တော်တို့တွေ အခုထိအချင်းချင်း မိတ်မဆက်ရသေးဘူးနော်"ဟု မာန်သော်ကဘဲ အရင်စကားစလာခဲ့သည်။

"ကိုယ့်နာမည်က မိုးဦးမုန်တိုင်းပါ ‌"

"ကျွန်တော့်နာမည်က ဆန်းသစ်လပါ"

"ကျွန်တော့နာမည်က မာန်သော်လင်ပါ ကိုကြီးနဲ့က ညီကို၀မ်းကွဲတော်ပါတယ်"

"အော် ...."ဟုဆိုကာ ဆန်သစ်က သူသိပါပီဆိုတဲ့ အကြောင်းကိုခေါင်းငြိမ့်ကာ ‌ပြောလိုက်သည်။

Accident (Season 1) (Completed)Wo Geschichten leben. Entdecke jetzt