Part 19(Uni)

15.1K 701 4
                                    

မုန်း တည် စေ ဆိုတဲ့နာမည်ရဲ့ အဓိပ္ပာယ်ဟာ ကျွန်တော်ရဲ့ အမုန်းတရားတွေကို တည်မြဲစေချင်လို့ ပေးခဲ့ပေမယ့် တကယ်တမ်းကျတော့ ကျွန်တော့်အပေါ်ကိုအမုန်းတရားတွေက တည်မြဲစေတယ် ....

ချစ်ရတဲ့သူတွေကို အမုန်းခံပြီးလုပ်ခဲ့ရတာတွေကို ဘယ်တော့မှနောင်တမရခဲ့ဘူး ...

မမြင်ချင်လောက်အောင်မုန်းနေခဲ့တာမဟုတ်ဘဲ မမြင်မိအောင်နေခဲ့ခြင်းပါ ကိုယ့်ဘ၀နဲ့ရင်းပြီးစွန်ခွာခဲ့ရသူတွေရဲ့ အရိပ်ထဲပြန်မ၀င်မိအောင် နေခဲ့ရတဲ့နေရက်တွေဟာ တကယ်ကိုအသက်ရှင်ရက်ကျခဲ့ရသည့် ငရဲတွေ‌ပင်....

‌အဖေအမွေကိုမက်မောခဲ့တာမဟုတ်ဘဲ ထိုမိသားစုမှာကျရောက်မည့် ကံကြမ္မာဆိုးကို တစ်နည်းနည်းဖြင့်ပထုတ်ခဲ့ခြင်းသာ...

အမေအရင်းဆီကမရရှိခဲ့သည့် ချစ်ခြင်းမေတ္တာ‌တွေကို လုပ်ယူခြင်း မရှိဘဲစိတ်ရင်းအမှန်နဲ့ပေးခဲ့သည့်သူရဲ့ ရင်ဘက်ကိုခြေစုံကန်ထွက်လာခဲ့သူဖြစ်သည့်အတွက် မျက်နှာချင်းဆိုင် မတွေ့ဆုံဝံ့ပေ...
"ဒီသက်သေတွေနဲ့ဆိုရင် အဲ့အချိန်တုန်းက ဆရာ့ရဲ့အပြစ်မရှိတာတွေကိုပါသိနိုင်လောက်တယ်..."

တည်စေ သူ့လက်ထောက်ပေးလာတဲ့ စာရွက်စာတမ်းတွေကိုကြည့်ကာ ခပ်ရေးရေးပြုံးနေခဲ့သည်။သူ့လက်ထောက်ပေးလာခဲ့သည့် စာရွက်တွေဟာ သူကိုယ်တိုင်ရှာဖွေခဲ့ရသည့်အချက်အလတ်တွေပင်။

BD Groupကို အပိုင်သိမ်းချင်းနေသည့်သူမှာ မင်းသားခေါင်းဆောင်းကိုဆောင်းထားသည့်ဘီလူးဆိုသလို့ ကိုယ့်တူတွေတူမတွေကို ပျက်စီးအောင်လုပ်ချင်နေသည့် ဦး‌‌ရာဇာဆိုသည့် အဖေရဲ့အကိုကမှသာ တကယ့်ကိုအစစ်အမှန်ပင်။

တည်စေက လူတိုင်းကိုအမုန်းကြီးမုန်းနေခဲ့တာမဟုတ်ဘဲ ဦးရာဇာရဲ့အကြောင်းတွေကို တည်စေအဖေ့အိမ်ရောက်ပြီး သိပ်မကြာခင်မှာ သိခဲ့ရတာကြောင့် ထိုလူကြီးရဲ့စေညွန်ရာအဖြစ်ကို တမင်တိုး၀င်ခဲ့ခြင်းဖြစ်သည်။

မိုးဦးဆေးခပ်ခံရတာကို တည်စေအချိန်မှီမတားဆီး နိုင်ခဲ့မယ့်လည်း မိုးဦးကိုဒုက္ခပေးမယ့် ဦးရာဇာလက်ထဲကလွတ်သွားအောင်လုပ်နိုင်သည်။ထိုအကျိုးဆက်တွေကြောင့်ကိုယ်ဟာ လူယုတ်မာတစ်ယောက်ဖြစ်ခဲ့ရပေမယ့် ညီဖြစ်သူ ဒုက္ခမရောက်ခဲ့တဲ့အတွက် တည်စေကျေနပ်မိသည်။

Accident (Season 1) (Completed)Where stories live. Discover now