"ဆန်း....."
"ဆန်း...ခဏလေးနေပါအုံး....ခဏလေးပါဘဲ ကိုယ့်အချစ်ရယ် ကိုယ်တောင်းပန်ပါတယ် ကိုယ်ရှင်းပြပါရစေ...."ဟု အနောက်ကနေ သိုင်းဖက်ကာ ဆိုလာတဲ့ မိုးဦးကြောင့် ဆန်းသစ်တစ်ယောက် ကျောက်ရုပ်တစ်ရုပ်လိုသာ ရပ်နေမိသည်။
"ဆန်း...ခုနကကိုယ်သူ့ကို ကူညီပေးလိုက်ယုံသက်သက်ပါ...."
"ဟင့်..."
"ဆန်း....မငိုပါနဲ့ ကိုယ့်အချစ်ရယ်...."
"ကိုယ့်အမှားတွေပါ...ဆန်းရှေ့မှာ ကိုယ်ဒူးထောက်ပီးတောင်းပန်ပါဆိုလည်း ကိုယ်တောင်းပန်ပါတယ် မငိုပါနဲ့နော်...."ဆိုကာ ဆန်းသစ်ကို မျက်နှာချင်းဆိုင်လှည့်ပီး မျက်ရည်သုတ်ပေးကာ စကားတွေ တစ်တွတ်တွတ်ပြောနေပေမယ့်လည်း မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနနေဆဲ ဖြစ်သည့် ဆန်းသစ်ကြောင့် မိုးဦးရဲ့ရင်ထဲမှာ အဆမတန်ပူလောင်လာရသည်။
"ဆန်း....တကယ်တော့ သူက ကိုယ့်ရဲ့ ညီမ၀မ်းကွဲပါ နောက်ပီး သူက Flower decoration လုပ်ပေးတဲ့သူတစ်ယောက်ပါ ကိုယ်ဒီနေ့ဆန်းအတွက် supriseတစ်ခုလုပ်ဖို့ သူ့ကိုခေါ်ထားတာ အပြင်မှာစကားပြောနေရင် သူ့မျက်လုံးထဲ့အမှုန်၀င်သွားလို့ ကိုယ်ကလုပ်ပေးနေခဲ့တာ ကိုယ်အနောက်ကို လှည့်ကြည့်တဲ့အချိန်မှာ မင်းလေးပြေးထွက်သွားတာကို မြင်မြင်ချင်းအနောက်က လိုက်လာခဲ့ရတာ.... "ဆိုကာ ဆန်းသစ်လက်ကို ဆွဲပီး အိမ်သို့ပြန်လာခဲ့သည်။
ဆန်းသစ် မိုးဦးလက်ဆွဲသွားသည့်အတိုင်းသာ အနောက်ကနေတရွတ်တိုက် အိမ်သို့ပြန်ပါလာခဲ့ပီး လမ်းမှာ စကားတစ်လုံးမှမဆိုခဲ့သလို ဦးနှောက်ထဲမှာလည်း အတွေးပေါင်းစုံသာ ပြည့်နှက်လို့သာနေခဲ့သည်။
.......
"ဆန်း....."
"ဗျာ...." ဆန်းသစ်တစ်ယောက် ခြံရှေ့ရောက်မှသာ မိုးဦးခေါ်လာသည့် အသံကြောင့် အတွေးယာဉ်ကြောတို့မှာ ရပ်တန့်ခဲ့ပီး အိမ်သို့ မည်သို့မည်ပုံ ရောက်လာသည်ကိုမသိတော့ချေ။
"မျက်လုံးမှိတ်ပီး ကိုယ့်လက်ကို ကိုင်ပီး လိုက်ခဲ့..."ဆိုကာ လက်တစ်ဖက်ကို ကမ်းလာတဲ့မိုးဦးကို ဆန်းသစ်ကြောင်ကာကြည့်နေမိသည်။
YOU ARE READING
Accident (Season 1) (Completed)
Romanceပထမဆုံး အရေးအသားမို့လို့ အမှားပါရင်လည်းဝေဖန်ပေးကြပါ။ ပထမဆုံး အရေးအသားမို့လို့ အမှားပါရငျလညျးဝဖေနျပေးကွပါ Started date -29.1.22( Saturday) Ending date -29.1.23(Sunday)