Final part (Uni)

21.1K 751 22
                                    

"လူနာသေဆုံးချိန် ညနေ၆နာရီ ၄၆မိနစ်ပါ...."

ဆရာ၀န်ရဲ့ စကားအဆုံးမှာ အရုပ်ကြိုးပြတ်သလို လဲကျသွားသည့် ဒေါ်မိုးသက်ဟာ သူ့မရဲ့အမြင်အာရုံတွေဝေဝေဝါးဝါးလာပြီး သူ့မကိုခေါ်‌နေတဲ့သံတွေကို ကြားနေပေမယ့် သူမရဲ့ဝေဝါးနေတဲ့အမြင်အာရုံထဲမှာ မြင်ယောင်နေသည်က ဆေးပိုက်တွေကိုဖြုတ်ကာ အ၀တ်ဖြူစကိုအုပ်မိုးလိုက်သည့် လူတစ်ယောက်ကိုပင်။သူမချစ်ရသည့် သူမရဲ့သားဟာသူမကို စွန့်ခွာသွားပြီဆိုသည့် နာကျင်မှုဟာပြောမပြတက်အောင် နာကျင်ခံစားနေရသည်။သူမရဲ့အမြင်အာရုံတွေဟာလည်း အမှောင်အတိကို ကျလို့သွားခဲ့သည်။

.......

"ရက်လည်နေ့ကို မိသားစုတွေနဲ့ဘဲ ဘုန်းဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်လိုက်မယ် မေမေအဆင်ပြေတယ်မလားဟင်..."

"အဆင်ပြေသလိုသာလုပ်လိုက်ပါ သွားလေသူကသွားပြီဘဲ "

ဒေါ်မိုးသက်ရဲ့ ဖြူဖက်ဖြူလျော်နေတဲ့ မျက်နှာနှင့်အရာရာကို လက်လျော့လိုက်သည့်ပုံစံကြောင့် မြင်ရသူတိုင်းဟာ စိတ်မကောင်းချင်းများစွာဖြင့် မည်သို့မည်ပုံနှစ်သိမ့်ပေးရမလဲဆိုတာမသိတော့ပေ။

"ကိုကိုး...."

မိုးဦးသူ့အနောက်ကနေ မျက်နှာမကောင်းစွာရောက်လာတဲ့ကောင်လေးကြောင့် မေမေ့အနားကနေထကာ ကောင်လေးရဲ့လက်ထဲမှာပါလာတဲ့ မေမေ့အတွက်ပြင်လာပေးတဲ့ ဆန်ပြုတ်ပန်းကန်ကိုလက်လွှဲယူလိုက်သည်။

"မေမေ အစားနည်းနည်းလောက်စားလိုက်ပါအုံး မနက်ဖြန်ရက်လည်အတွက် ကျွန်တော်အကုန်ပြင်ဆင်ပေးထားတယ်"

ဆန်းသစ်ပြောလာတဲ့စကားတွေကို ခေါင်းသာညိမ့်ပြီး ဆန်းသစ်ပြုတ်ပေးလာတဲ့ ဆန်ပြုတ်ကိုသာ အားမရှိစွာဖြင့်သောက်နေခဲ့သည်။အမြဲတမ်း တက်တက်ကြွကြွဖြင့် အရာရာကိုဦးဆောင်ခဲ့သည့်အမျိုးသမီဟာ အခုလိုပုံစံမျိုးနှင့် လုံး၀မလိုက်ဖက်ပေ။

.......

ရက်လည်နေ့

"သားကြီး ကောင်းရာမွန်ရာရောက်ပါစေ အမေပြုသမျှကုသိုလ်ကောင်းမှုကိုလည်း ရပါစေ"

Accident (Season 1) (Completed)Where stories live. Discover now