"သားငယ်...."
"မေမေ သားကိုခေါ်တယ်ဆို " မိုးဦး အိမ်ရောက်ရောက်ခြင်း ခြံထဲမှာ သူ့ကိုစောင့်နေတဲ့ မေမေ့ကို မေးလိုက်ခြင်းဖြစ်သည်။
"ဟုတ်တယ် သားငယ် မေမေ မင်းကိုတွေ့ပေးစရာလူရှိလို့ "ဆိုကာ ဒေါ်မိုးသက် သူ့သားကိုခေါ်ကာ အိမ်ထဲသို့ခေါ်သွားသည်။
"အားလုံးကို စောင့်ခိုင်းလိုက်ရလို့ အားနာပါတယ် "ဟု မေမေ ပြောလာကြောင့်မိုးဦး ဧည်ခန်းထဲတွင် လူကြီးအစုံအလင်ရှိနဲ့ လှလှပ၀တ်စားထားတဲ့ မေမေ့မိတ်ဆွေရဲ့သမီး မေမဒီကို မြင်လိုက်ရတာကြောင့် ဆွံ့အမိသည်။
ဘာတွေလဲ ....မေမေဘာစိတ်ကူးတွေပေါက်ပီး ဘာတွေလျှောက်လုပ်နေတာလဲ...။
"မေမေ ဒါကဘာတွေလဲ"
"သားငယ် မင်းကို စေ့စပ် ပေးဖို့လေ"
"ဗျာ...."
"မေမေ ဘာ..ဘာလို့ သားကိုမတိုင်ပင်ဘဲအခုလိုလုပ်ရတာလဲ"
"သားငယ်ကို ပြောတော့ကော လက်ခံမှာမို့လို့လား"
"ဟာ...မေမေရာ"
မိုးဦး တကယ်ကို အကြီးအကျယ် စိတ်ပျက်မိသွားသည်။အခုလို ဘာအကြောင်းပြချက်မှမရှိဘဲ ချက်ချင်းကြီး စေ့စပ်ပေးရအောင် ဘာတွေဖြစ်နေလို့လဲ....။
"သားငယ် မင်းငြင်းဖို့ မကြိုးစားပါနဲ့" ဆိုလာတဲ့ မေမေ့ကို မိုးဦးဘာပြောရမလဲမသိတော့ပေ။ ဧည့်ခန့်ရှေ့မှာ သားမိနှစ်ယောက် အသံတိုးတိုးတိတ်တိတ်ဖြင့် အခြေအတင်စကားများနေတာကို ဧည်ခန်းထဲရှိလူတစ်ချို့က ကွက်ကြည့် ကွက်ကြည့် ကြည့်နေကြသည်။
"မေမေ ရက်စက်လိုက်တာ"ဆိုကာ ဧည်ခန်းရှေ့ကနေပြန်လှည့်ထွက်လာသည့် အခိုက်လေညှင်း အိမ်ပြန်လာသည့်နှင့်တိုးလေသည်။
"ဟယ်မိုးဦး နင်ဘယ်ကနေလမ်းမှား ရောက်လာတာလဲ"ဆိုလေတော့
"မေမေ့ကို မေးကြည့်လိုက်"ဆိုကာ ကားရှိရာသို့သာဆက်သွားပေမယ့် မေမေ့စကားကြောင့် လျှောက်လက်စခြေလှမ်းတွေ ရပ်တန့်မိသည်။
"သားငယ် မင်းကလေးအဖေတစ်ယောက်ကို ကြိုက်တာလား"
"ဟင်....မေမေ" မိုးဦးတကယ်တုန်လှုပ်မိသည်။မေမေဘယ်ကနေ ဘယ်လိုသိသွားရတာလဲ။
YOU ARE READING
Accident (Season 1) (Completed)
Romanceပထမဆုံး အရေးအသားမို့လို့ အမှားပါရင်လည်းဝေဖန်ပေးကြပါ။ ပထမဆုံး အရေးအသားမို့လို့ အမှားပါရငျလညျးဝဖေနျပေးကွပါ Started date -29.1.22( Saturday) Ending date -29.1.23(Sunday)