"မင်္ဂလာပါရှင့် ဘာကူညီပေးရမလဲရှင့်"
"CEO မိုးဦးမုန်တိုင်းနဲ့ တွေ့ချင်လို့ပါ..."
"CEO နဲ့ appointmentယူထားလားရှင့် "
"အာ...မယူထားဘူးခင်ဗျ"
"အဲ့တာဆို တွေ့လို့မရပါဘူး CEO နဲ့ ကြိုတင်ချိန်းထားတာရှိမှ တွေ့လို့ရမှာပါရှင့်..." လို့ဆိုလာတဲ့ ဧည့်ကြိုကောင်တာက ကောင်မလေးကြောင့် ဆန်းသစ် စိတ်ညစ်သွားရသည်။
"အကို CEOနဲ့ တွေ့ချင်ရင် ဧည့်သည်တွေ ထိုင်တဲ့နေရာမှာ ခဏလောက်စောင့်ပေးပါလား..."
"ဟုတ်ကဲ့ ....လာ သားပေါက်စတွေ...."ဆိုကာ ကလေးနှစ်ယောက်ကို လက်တစ်ဖက်ကဆွဲကာ ကျန်တစ်ဖက်က ထမင်းချိုင့် ဆွဲခြင်းလိုအရာမျိုးကို ဆွဲလာသည့် ကောင်လေးကို company ရှိဝန်ထမ်း အချို့က ကွက်ကြည့်ကွက်ကြည့်ဖြင့်ကြည့်သွားကြသည်။
ဒီနေ့ အန်တီက ကိုမိုးဦး ရုံးကိုနေ့လည်စာ ထမင်းချိုင့်ပို့ပေးရန် တောင်းဆိုလာတာကြောင့် ဆန်းသစ် နေ့လည်စာ လာပို့ပေးခြင်းဖြစ်သည်။ကိုမိုးဦးနဲ့ မတွေ့ရသည်မှာ လက်ထပ်ခွင့်တောင်းပီး ပြန်သွားကတည်းကဆိုရင် ယခုဆို တစ်ပတ်တင်းတင်း ပြည့်ခဲ့ပီ။ အချိန်အားတိုင်း တစ်ရက်ခြားတစ်ခါ အိမ်ကိုပြန်လာပီး သားပေါက်စတွေနဲ့ အတူတူ အဖော်လာလုပ်ပေးသည့် ကိုမိုးဦးဟာ တစ်ပတ်တိတိအိမ်ကို ခြေဦးတောင်မလှည့်လာခဲ့ပေ။သားတွေက သူ့အဖေအိမ်လာမယ် အထင်နဲ့ နေ့စဉ်နေ့တိုင် မျှော်တော်ယောင်လုပ်နေကြသည်ကို မြင်ရသည့်အခါတိုင်းလည်း စိတ်မကောင်းဖြစ်ရသည်။
"ပါပါး...."×2
"ဗျာ..."
"ဖေဖေ့ကို တွေ့လို့မရတော့ဘူးလား..."
"တွေ့ရမှာပေါ့ ...ခဏလေးစောင့်ဟုတ်ပီလား..."ဆိုကာ ကလေးတွေကို ပြောပီး ခဏအကြာမှာ
"ကိုကြီးဆန်းသစ် ....ရောက်နေတာကို ကျွန်တော့်ကို ဖုန်းလေးဘာလေး ဆက်ပါလား"
"အကိုလည်း အခုဘဲ ဖုန်းဆက်မလို့ပါ မာန်သော်ရ ကလေးတွေလည်းပါလာလို့ ထိုင်ခုံမှာ ခဏထိုင်စောင့်မလို့ပါ"ဟုပြောလေသောအခါ မာန်သော်မှ
ESTÁS LEYENDO
Accident (Season 1) (Completed)
Romanceပထမဆုံး အရေးအသားမို့လို့ အမှားပါရင်လည်းဝေဖန်ပေးကြပါ။ ပထမဆုံး အရေးအသားမို့လို့ အမှားပါရငျလညျးဝဖေနျပေးကွပါ Started date -29.1.22( Saturday) Ending date -29.1.23(Sunday)