Part 13(Zawgyi)

4.6K 105 4
                                    

"ဆရာစုံစမ်း ခိုင်းထားတာတွေ စုံစမ်းပီးပါပီ"

"‌သူတို့ကောင်လေးကို ပြန်ရှာတွေ့ပီး အိမ်ပေါ်မှာခေါ်တင်ထားကြတယ် နောက်ပီးကလေး နှစ်ယောက်လည်းရှိနေသေးတယ် ကြားရသလောက်က ကလေးတွေကို ကောင်လေး ကိုယ်တိုင်မွေးထားတာလို့ ပြောကြပါတယ်"

"ဟား...ဟား...ဟား.......အာဟား....ငါ့ညီလေးက ကလေးအဖေတောင်ဖြစ်နေပီပေါ့ ဟား....ဟား...ငါ့ကိုကျတော့ ဒုက္ခပင်လယ်ဝေအောင်လုပ် နိုင်ငံခြားက company လေးတစ်ခုပေးပီး ချွေးသိပ်ထားတာ ဒီလောက်နဲ့ရမယ်လို့ ထင်နေကြတာလား...ဟမ်..."

ထိုသူကတော့ မိုးဦးရဲ့ အဖေတူ အမေကွဲ အကိုမုန်းတည်စေ ပင်ဖြစ်သည်။မိုးဦးအဖေ ဦးသူရိန်ဟာ မိန်းမပွေရှုပ်လွန်းသူဖြစ်သည်။ မုန်းတည်စေကို ဦးသူရိန်လက်မထက်ခင်က အပြင်မှာ မိန်းကလေးတစ်ယောက်နဲ့ ရခဲ့ခြင်းပင်ဖြစ်သည်။မိန်းမတွေပွေရှုပ်လွန်းသည့် ဦးသူရိန်ဟာ မိဘတွေပေးစားသည့် ဒေါ်‌မိုးသက်လေပြေကိုသာ လက်ထပ်ခဲ့သည်။‌ ဒေါ်မိုးသက်နှင့် လက်ထပ်ပီး ‌မိုးဦးလေးညှင်းနဲ့ မိုးဦးမုန်တိုင်း ဟူသော အမွှာကလေးနှစ်ယောက်ကို ရခဲ့သည်။မိုးဦးတို့အသက် ဆယ်နှစ်အရွယ် မှာ ဦးသူရိန် အိမ်ထောင်မကျခင်ကရခဲ့သည့် မုန်းတည်စေဆိုသည့် ဆယ့်တစ်နှစ်အရွယ်ကောင်လေး ဟာမိုးဦးတို့အိမ်ကိုရောက်လာခဲ့သည်။အစပိုင်းမှာ ဒေါ်မိုးသက် ရှော့ရခဲ့ပေမဲ့ မိခင်မရှိတော့သည့် တည်စေကို သားသမီးချင်း ကိုယ်ချင်းစာကာ မိခင်အရင်းတစ်ယောက်ပမာ ပြုစုစောင့်ရှောက်ပေးခဲ့သည်။သို့ပေမယ့် ထိုဆယ့်တစ်နှစ်အရွယ်ကောင်လေးမှာ ဆုံးပါးသွားသည့် မိခင်ရဲ့ သွေးထိုးစကားတွေကြောင့် ဒေါ်မိုးသက်တို့သားမိသုံးယောက်စလုံကို အမုန်းကြီးမုန်းနေခဲ့တာကိုတော့မည်သူမှ မသိရှိပေ။

ငယ်ငယ်ရွယ်နဲ့ အဖေမပေါ်ဘဲမွေးလာသည့် ကလေးဟူ၍ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုပ်ချမှုတွေအပြင် မိခင်အရင်းနဲ့ ချစ်မေတ္တာတွေကိုပါမရရှိသည့် တည်စေဟာ မိခင်ကိုပြစ်ထားခဲ့သည့် ဖခင်ဖြစ်သူကို အမုန်းကြီးမုန်းခဲ့ပါသည်။မုန်းတည်စေဟူသည်မှာ မိခင်ဖြစ်သူက ဖခင်အပေါ်ကိုအမုန်းကြီးမုန်းနေခဲ့တာကြောင့် ထိုလူရဲ့အသွေးအသားကို အငြိုးထားကာ သူရဲ့အမုန်းတွေဟာ ထိုကလေးအပေါ် မှာပါ တည်မြဲစေသည် ဆိုသည့် အဓိပ္ပာယ်ဖြင့် မည့်ဆိုထားခြင်းပင်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်နဲ့မလိုက်အောင် မိခင်ရဲ့ ခိုင်းစေမှုတွေကို အကုန်လုပ်ပေးခဲ့ပေမယ့် နောက်ဆုံးပြန်ရတာက ဥပက္ခာပြုချင်းတွေကိုသာရခဲ့သည်။မိခင်ရဲ့ ချစ်ခြင်းမေတ္တာကိုမျှော်ကိုးခဲ့ရပေမဲ့ နောက်အဆုံးအချိန်အထိ မိခင်အရင်းရဲ့ ချစ်ခြင်းမေတ္တာတွေကို မရခဲ့ပေ။မိခင်မဆုံးခင်အချိန်က ဖခင်ဖြစ်သူနဲ့ ကွဲကွာအောင်လုပ်ခဲ့သူဟာ ဒေါ်မိုးသက်လေပြေဖြစ်သည်ဟူသော မဟုတ်မမှန်စကားကို တော့ကြားခဲ့သည်။ထိုမှစ၍ ဒေါ်မိုးသက်ကိုပါ အမုန်ကြီးမုန်းရခြင်းပင်ဖြစ်သည်။

Accident (Season 1) (Completed)Onde histórias criam vida. Descubra agora