"ဖေဖေ...ထထ ထပါအုံး..."
"ဟင်...သားသားဘာဖြစ်လို့လဲ"
"ပါပါးလေ ဗိုက်ဗိုက်အောင့်နေတယ်တဲ့..."
"ဟင် ဟုတ်လား....လာလာ သားသား ပါပါးဆီသွားရအောင်"
မိုးဦး ဒီနေ့ အိမ်မပြန်ဘဲ မေမေ့အိမ်မှာ အိပ်ဖြစ်ခဲ့သည် ။မိုးဦး အိပ်နေတုန်း ဂီးလေးက လာနိုးသည်ကြောင့် ထကြည့်လိုက်ရာ သန်းခေါင်ယံအချိန်ဖြစ်နေသဖြင့် စိတ်ပူလို့မေးကြည့်လိုက်ရာမှ သူတို့ပါပါးက နေမကောင်းဖြစ်နေကြောင်းလာပြောတာကြောင့် မိုးဦးစိတ်ပူသွားရသည်။
မိုးဦး ဆန်းရဲ့အခန်းထဲသို့ ဂီးလေးကိုချီပီး၀င်သွားခဲ့ရာ ကြမ်းပြင်ပေါ်တွင်လဲကာ ဗိုက်ကိုဖိပီး နာကျင်မှုဒဏ်ကို ကြိတ်မှိတ်ပီး ခံစားနေသောကောင်လေးနဲ့ သူ့ပါပါးကို ဘေးကနေ ဖက်ထားသည့် ညံလေးကို တွေ့လိုက်ရသည်။
"ဆန်း...ဘာဖြစ်လို့လဲ"
"ကိုမိုးဦး ...ကျွန်တော့် ..ဗိုက် ဗိုက်အောင့် ...အ့...နေလို့ပါ"ဆိုကာ ချွေးစေတွေပြန်ကာ စကားကိုအနိုင်နိုင် ပြောနေတဲ့ ဆန်းသစ်ကို အမြန်ပွေ့ချီကာ အိပ်ယာထပ်တွင် အသာယာချပေးပီ စည်သူ့စီကို ဖုန်းဆက်လှမ်းခေါ်လိုက်ရသည်။
.......
"စည်သူ သူအဆင်ပြေရဲ့လား"
"အင်း ပြေပါတယ် ဘာမှမဖြစ်တော့ဘူး အစာအိမ်ရောင်တာ ဆိုပေမယ့် အရမ်းကြီးမဖြစ်လို့ တော်သေးတယ် ငါဆေးရေးပေးခဲ့မယ် သူ့ကို အစာပျော့တာဘဲ ကျွေး မသက်သာရင် ငါ့ဆေးရုံလာခဲ့"ဆိုကာ စည်သူ ဆန်းသစ်ကို စစ်ဆေးပေးပီး ပစ္စည်းတွေ သိမ်းဆည်းကာ ပြောလိုက်သည်။
သို့ပေမယ့် စည်သူ့မှာ စကားတွေအများကြီးပြောပီး လိုအပ်တာတွေကို မှာကြားနေပေမယ့် မိုးဦးတစ်ယောက်ကတော့ ချစ်ရသူရဲ့မျက်နှာကို တစ်စိမ့်စိမ့်သာထိုင်ကြနေသည်။
စည်သူ သူပြောတဲ့စကားတွေကို ဘာမှပြန်မပြောလို့ အနောက်လှည့်ကြည့်လိုက်တဲ့ အချိန်မှာ ချစ်သူငယ်ချင်းကြီးရဲ့ ပုံစံကြောင့် ပြောစရာစကားများပျောက်ဆုံးခဲ့ရသည်။
စည်သူ ဆေးရှိန်ကြောင့် အိပ်ပျော်နေတဲ့ကောင်လေးကို မြင်ဖူးသလိုရှိနေပေမယ့် ဘယ်မှာမြင်ဖူးနေမှန်း မမှတ်မိပေ။မိုးဦးရဲ့အိမ်မှာ ဒီကောင်လေး ရောက်နေကြောင်းကို ဒီနေ့မိုးဦး ဖုန်းဆက်မခေါ်ရင် သိရမည်မဟုတ် ။လွန်ခဲ့တဲ့နှစ်လလောက်က သူငယ်ချင်းသုံးယောက် ပိတ်ရက်တစ်နေ့ တွေ့မယ်ပြောပီးကတည်းက ယနေ့အထိသုံးယောက်သား မအားတာနဲ့ မတွေ့ဖြစ်ကြပေ။
YOU ARE READING
Accident (Season 1) (Completed)
Romanceပထမဆုံး အရေးအသားမို့လို့ အမှားပါရင်လည်းဝေဖန်ပေးကြပါ။ ပထမဆုံး အရေးအသားမို့လို့ အမှားပါရငျလညျးဝဖေနျပေးကွပါ Started date -29.1.22( Saturday) Ending date -29.1.23(Sunday)