Episode 1 { Unicode }

223 8 0
                                    

ကျွန်တော် ပင်ပန်းနေပြီ။ ကျွန်တော့်ကို လွတ်မြောက်ခွင့်ပြုပါ။ ကျွန်တော် ခင်ဗျား မရှိတဲ့ နေရာ၊ ခင်ဗျား အငွေ့အသက် မရနိုင်တဲ့ နေရာ မှာ ကျွန်တော် နေသွားချင်တယ်။ ကျွန်တော့် နှလုံးသားလေးကို သနားရင် ကျွန်တော့်ကို လွတ်လပ်ခွင့်ပြုပါ.......

- မိုးဆောင်း!! မိုးဆောင်း!!

- လာပြီ ကိုကိုကြီး

မျက်နှာပေါ် နဲ့ အင်္ကျီဖြူဖြူလေးပေါ်မှာ ဆေးတွေပေကာ အနောက်ဘက်ထဲမှ ထွက်လာသော အသားခပ်ညိုညိုကောင်လေး တစ်ယောက်!

- မင်း ပန်းချီဆွဲနေတာလား မိုးဆောင်း

- ဟုတ်တယ် ကိုကိုကြီး! မိုးဆောင်း ပျင်းနေတာနဲ့ ပန်းချီဆွဲနေတာ။

- အရည်မရ အဖတ်မရ အဲ့ အလုပ်ဘဲ ထိုင်လုပ်နေ။ သွား အ၀တ်အစားလဲ ညစာစားပွဲ သွားရမယ်။

- ညစာစားပွဲ! မိုးဆောင်း မလိုက်ချင်ဘူး။

- မိုးဆောင်းမောင် ငါစိတ်မတိုချင်ဘူးနော်။ ငါက ဒါဆို ဒါလုပ်လိုက် အတွန့်တတ်မနေနဲ့။ သွား မြန်မြန်လုပ်

- ဟုတ်ကဲ့ ကိုကိုကြီး

ကိုကိုကြီး ရဲ့ ဒေါသကို ကြောက်ရတာမို့ မိုးဆောင်း အပေါ်ထပ်ကို အလျင်အမြန်ပြေးတတ်ကာ သန့်ရှင်းရေးလုပ် အ၀တ်အစားလဲရသည်။

ကိုကိုကြီး ဆိုတဲ့ သုတဘုန်းနိုင် က မိုးဆောင်းမောင် ဆိုတဲ့ ကျွန်တော့် ကို အရမ်းအနိုင်ကျင့်တယ်။ ဘုန်းမြေကမ္ဘာ ဆိုတဲ့ အိမ်တော်ကြီးထဲ နေလာတာ အခုဆို ၅နှစ်လောက်ရှိပြီ။ ကိုကိုကြီး နဲ့ ကျွန်တော် က ယောကျာ်းလေးချင်း လက်ထပ်ထားကြတာ။ ဒါပေမယ့် ဒီနေ့ဒီချိန်ထိ ကိုကိုကြီး နဲ့ ကျွန်တော် တစ်ခါမှ အတူတူ မနေဖူးသေးပေ!

-ကိုကိုကြီး

- ဘာလဲ

- ကျွန်တော် ကို ဘာလို့ အခုလို ချုပ်နှောင်ထားရတာလဲဟင်။

- ကိုယ့်အပေါ်  မင်း သစ္စာဖောက်သွားမှာ စိုးလို့။

- မိုးဆောင်း က ကိုကိုကြီး ကို အရမ်းချစ်တာ ဘာလို့ သစ္စာဖောက်ရမှာလဲ။ ချစ်သူဘ၀ကတည်းက ကိုကိုကြီး စကားဆို မိုးဆောင်း နားထောင်ခဲ့တာပဲကို

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now