Episode 11 { Zawgyi }

167 15 0
                                    

မိုးဆောင်း နိုင်ငံတကာ ပန်းချီ ပြပွဲအတွက် အတော်ကို ကြိုးစားနေသည်။ စိမ့် ကိုလည်း သူ့အမည်ပေးထားရန် ပြောထားပြီးသား။

ကိုကိုကြီး က ပွဲခင်းထဲမှာ စိမ့်ကို လုံး၀မမှတ်မိလို့ တော်သေးသည်။ မဟုတ်ရင် စိမ့် နဲ့ သူကို တစ်မျိုးထင်သွားမှ ဟုတ်ပေ့ ဖြစ်နေလိမ့်မည်။

- Boss ဒါက ပန်းချီပြပွဲမှာ ပါမဲ့ လူစာရင်းတွေပါ

အတွင်းရေးမှူးလာပေးသော လူစာရင်းတွေ ကို စစ်ဆေးကြည့်လိုက်တော့ တစ်နေရာအရောက်မှာ

နိုင် - မိုးဆောင်းမောင်! တောက်စ်!!

မိုးဆောင်းမောင် ပါနေမှန်း နိုင် သိလိုက်တော့ ဒေါသတွေ အလိတ်လိုက်ထွက်လာရသည်။ ထို့နောက်မှာတော့

နိုင် - မင်း ပန်းချီဆရာ တစ်ယောက် ရှာထားပေး။ ပါးစပ်လုံမဲ့ သူ။

- ဟုတ်ကဲ့ Boss

နိုင် - သွားလို့ရပြီ။

ဒီပန်းချီပြပွဲမှ ဆုရတဲ့ သူကို U.S တွင် ပညာတော်သင်လွှတ်ဖို့ ရှိသည်။ အသက် ကို ၁၆ နှစ် မှ  ၃၅ နှစ်အထိ မည်သူမဆို ပါ၀င် လို့ရသည်။

မိုးဆောင်း ဒီအကြောင်းတွေ မသိဘူး ထင်နေတာ။ အခုတော့ မိုးဆောင်းမောင် က ပြပွဲမှာ စာရင်းပေးထားတာ သူ့အနားက ထွက်သွားချင်လို့ပေါ့။ ဒီပြပွဲ က သူ့ယောကျာ်း ကျွန်တော် ဦးဆောင်တယ်ဆိုတာ သူမသိတာလား။

နိုင် - မိုးဆောင်းမောင် မင်း ငါ့အနားက ထွက်သွားဖို့ ကြံနေတာလား။ လုံး၀ အဲ့လို အဖြစ်မခံဘူး။

-Boss ဧည့်သည်လာတယ်။ အတာကူး တဲ့

နိုင် - အတာကူး! ၀င်လာခိုင်းလိုက်။

အတာကူး က ဘာကြောင့် ကျွန်တော့်ဆီ လာရတာလဲ။

အတာကူး သူ မိုးနှောင်းမောင် နဲ့ သုတဘုန်းနိုင် ကို ပြန်အဆင်​ပြေအောင် လုပ်ပေးဖို့ အတွက် သူ သုတဘုန်းနိုင်ဆီ လာခဲ့ခြင်း။

မနေ့ညက သားလေးရဲ့ ကျန်းမာရေး အခြေအနေကို စစ်ဆေးပေးဖို့ လာတော့ မျက်နှာ မကောင်းတာကြောင့် မေးကြည့်လိုက်တော့ * နိုင် က သူ့ကို အမုန်းကြီး မုန်းနေပြီ*တဲ့။ အဲ့ အချိန်မှာ ကူးတွေးလိုက်မိတယ် ကူးတို့ သားအမိ က ကို့ ရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးပစ်နေတာပဲ ဆိုပြီး။

 ချစ်ခြင်းမေတ္တာဟူသည် / ချစ်ခြင်းမေတ္တာဟူသည် ( U & Z ) { COMPLETED}Where stories live. Discover now